နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Zawgyi Technologyက 1Kyatads.com သီးသန့်ကြော်ငြာအင်တာနက် စာမျက်နှာ တွင် Online ကြော်ငြာဝန်ဆောင်မှု စတင် ပေးမည်ဟု သိရသည်။ ကြော်ငြာခ ဈေးနှုန်း များကို 10×10 Pixels (၃မီလီမီတာ ပတ် လည်)တစ်ကွက်လျှင် နေရာပေါ် မူတည်၍ အများဆုံး ၁၀ကျပ်မှ အနည်းဆုံး တစ်ကျပ် အထိ အမျိုးအစားခွဲခြားထားကာ ငွေပေး ချေမှုကို ဘဏ်မှတစ်ဆင့်လည်း ဆောင်ရွက် နိုင်ကြောင်း၊ အဆိုပါ ဝန်ဆောင်မှုကို အနည်း ဆုံး 10×10 Pixelsအကွက်ဆယ်ခု ဝယ်ယူ အသုံးပြုရမည် ဖြစ်ကြောင်း၊ ဈေးအကြီးဆုံး မှာ အလျား ၃စင်တီမီတာ၊ အနံ ၃မီလီမီတာ တစ်ကွက်လျှင် ကျပ်တစ်ရာဖြစ်ပြီး၊ ဈေး အနည်းဆုံးမှာ တစ်ဆယ်ကျပ်ဖြစ်ကာ သက် တမ်းတစ်လကြာ ကြော်ငြာခွင့် ပြုမည်ဖြစ် ကြောင်း၊ ယင်းကုမ္ပဏီထံမှ သိရပါသည်။ “ပိုက်ဆံတစ်ရာလောက်နဲ့ Onlineမှာ ကြော် ငြာထည့်နိုင်မှာလေ”ဟု အဆိုပါ Website အား ရေးဆွဲပေးသူ ဦးကံဇော်က ပြောပါ သည်။ အင်တာနက်မှတစ်ဆင့် ကြော်ငြာ ထည့်သွင်းရခြင်းမှာ ဈေးနှုန်းကြီးမြင့်သော ကြောင့် လုပ်ငန်းများသည် အဆိုပါ နည်းဖြင့် ကြော်ငြာရန် မစဉ်းစားဖြစ်ပဲ ယခုအစီအစဉ် မှာ စိတ်ဝင်စားစရာကောင်းကြောင်း၊ လုပ် ငန်းရှင်တစ်ဦးက ပြောသည်။ ၎င်းအပြင် အဆိုပါ ကြော်ငြာမှ တစ်ဆင့် ကြော်ငြာရှင်၏ Websiteသို့ တိုက်ရိုက်ရောက်ရှိအောင် လည်း ဝန်ဆောင်မှု ထည့်သွင်းပြီး Zawgyi Technology၏ Facebookမှတစ်ဆင့်လည်း Facebook Marketing ဝန်ဆောင်မှုပါ ပြုလုပ်မည် ဖြစ်ကြောင်း၊ ယင်းကြော်ငြာ ဝန် ဆောင်မှု ကုမ္ပဏီက ပြောကြားသည်ဟု သိရပါသည်။
ငွေကျပ်တစ်ရာဖြင့် Onlineတွင် ကြော်ငြာနိုင်ပြီ

10
Jun