Laptops, News, Review

Acer Swift 3 SF314-57G-55WV (i5-10th Gen) ကို ICT.com.mm မှာ Stock ရှိလို့ ဝယ်နိုင်ပါပြီနော်

လူငယ်တွေကြားမှာ ရေပန်းစား၊ hot ဖြစ်နေတဲ့ Acer Swift 3 SF314-57G-55WV (i5-10th Gen) ကို ICT.com.mm မှာ Stock ရှိလို့ ဝယ်နိုင်ပါပြီနော်…

Acer Swift 3 SF314 ဆိုတာက ပရော်ဖက်ရှင်နယ်သုံး Software တွေကို နိုင်နိုင်နင်းနင်း အသုံးပြုနိုင်ဖို့ အမြန်နှုန်း 3.6 GHz အထိ ရရှိနိုင်တဲ့ နောက်ဆုံးပေါ် i5-10th Gen Processor ကို တပ်ဆင်ပေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သယ်ယူအသုံးပြုနိုင်ဖို့အတွက် 14″ မျက်နှာပြင် အရွယ်အစား၊ Anti-Glare နည်းပညာပါဝင်တဲ့ Full HD Resolution မျက်နှာပြင်ကြောင့် ဘယ်နေရာမှာဖြစ်ဖြစ် အလင်းမပြန်ဘဲ အသုံးပြုနိုင်မှာပါ။

RAM အသုံးပြုမှုမြင့်တဲ့ လုပ်ငန်းသုံးဆော့ဖ်ဝဲတွေကို သွက်သွက်လက်လက်နဲ့ တပြိုင်နက်အသုံးပြုနိုင်အောင် CPU ကို ကူညီပေးဖို့ RAM 8GB ကို တပ်ဆင်ပေးထားပါတယ်။ ဒေတာသိမ်းဆည်းဖို့အတွက် HDD ထက် အကြမ်းခံပြီး အသံဆူညံမှုနည်းပါးသလို ဒေတာ Speed ပိုမိုမြန်ဆန်တဲ့ SSD 512GB ကို တပ်ဆင်ပေးထားတာကြောင့် Window Loading က စက္ကန့်ပိုင်းပဲ ကြာမြင့်ပြီး ဆော့ဖ်ဝဲလုပ်ဆောင်ချက်တွေက ပေါ့ပါးသွက်လက်နေမှာပါ။

OS မပါဝင်တဲ့အတွက် မိမိနှစ်သက်ရာ Windows, Linux နဲ့ Ubuntu OS တစ်မျိုးမျိုးကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Laptop Accessories တွေနဲ့ ချိတ်ဆက်အသုံးပြုဖို့ သမာရိုးကျ Connection Ports တွေအပြင် USB Type-C Port ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Finger Print Reader လေးကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ကီးဘုတ်က မီးလင်း Backlit ကီးဘုတ်အမျိုးအစားဖြစ်ပါတယ်။

ရရှိနိုင်မယ့် အရောင်က တည်တည်ငြိမ်ငြိမ်နဲ့ မိန်းကလေးဆန်တဲ့ ပန်းရောင်လေးဝယ်ယူရရှိနိုင်ပါတယ်။ မိမိရဲ့ Laptop လေးကို စတိုင်ကျကျသယ်ဆောင်သွားနိုင်ဖို့အတွက် Acer Targus Backpack အိတ်တစ်လုံးကို လက်ဆောင်ထည့်သွင်းပေးထားပါတယ်။

အာမခံနှစ်နှစ်အထိ ပေးထားပြီး၊ ခု ICT.com.mm မှာ K937,200 နဲ့ ဝယ်ယူနိုင်ပါပြီ။ လူကြိုက်များတာမို့ ပစ္စည်း အကန့်အသတ်တော့ရှိပါတယ်နော်…

Leave a Reply

Your email address will not be published. Required fields are marked *