News, Promotion

စက်တင်ဘာလကုန်ထိ ၅၀% ဈေးချထားတဲ့ Acer Predator Helios 300 PH315

ICT ပရိတ်သတ်ကြီးအတွက် Wow ဖြစ်သွားစေမဲ့ သတင်းကောင်းလေးတစ်ခုပြောပြပေးချင်ပါတယ်။အဲ့ဒါကတော့ Acer Predator Helios 300 PH315 ကို 50% off Discount ရရှိနိုင်မဲ့ အခွင့်ရေးပဲဖြစ်ပါတယ်။

Predator Helios ဆိုတာ Acer ရဲ့ Flashship series တွေထဲကတစ်ခုအပါဝင်ဖြစ်ပြီး ထူးခြားကောင်းမွန်တဲ့အရည်သွေး၊ လှပေသေသပ်တဲ့ဒီဇိုင်းနဲ့ အကြမ်းခံနိုင်စွမ်းမြင့်မားတဲ့ Series တစ်ခုဖြစ်ပါတယ်။

Acer Predator Helios 300 ဟာ Core i7 8th Generation series ရဲ့ High Performance Processor i7- 8750H ကို အသုံးပြုထားလို့ Software နဲ့ Game တွေကို အကောင်းမွန်ဆုံး Performance နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Memory 16GB ကြောင့် Game ဆော့ရင်းနဲ့ တခြား Software တွေကိုပါ တပြိုင်တည်းအသုံးပြုနိုင်တဲ့အတွက် Multitasking သမားတွေအတွက်လည်း အရမ်းကိုအဆင်ပြေမှာဖြစ်ပါတယ်။

Storage အနေနဲ့ Operation System နဲ့ Software တွေကို ချောချောမွေ့မွေ့နဲ့အသုံးပြုနိုင်ဖို့ M.2 NVMe SSD ကို 512GB အထိတောင်အသုံးပြုပေးထားပြီးတော့ Data တွေသိမ်းဖို့အတွက် HDD 1TB ကိုပါတခါတည်းတပ်ဆင်ပေးထားလို့ ရုပ်ရှင်၊သီချင်းတွေနဲ့ လုပ်ငန်းရဲ့ Data တွေကို အများကြီးသိမ်းထားနိုင်အုံးမှာဖြစ်ပါတယ်။ ‌

GPU အနေနဲ့ Nividia ရဲ့ GeForce GTX 1060 6GB DDR5 VRAM ကိုအသုံးပြုပေးထားပြီးတော့ 15.6 inch Full HD Display မှာ Refresh rate 144Hz အထိ ထောက်ပံ့ပေးထားတာမို့ FPS Gamer တွေအတွက် Gaming experience ပိုင်းမှာ အကောင်းဆုံးအတွေ့ကြုံတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

Battery ပိုင်းမှာလည်း lithium ion 3720 mAh 4-cell ကိုအသုံးပြုပေးထားလို့ YouTube streaming Video တွေ ကို ၄နာရီကျော်လောက်ထိ မနားတမ်းကြည့်ရှုနိုင်အုံးမှာဖြစ်ပါတယ်။

Design ပိုင်းမှာလည်း Acer Predator Helios 300 PH315 ဟာ Gaming ဦးစားပေး Laptop တစ်လုံးဆိုပေမဲ့ တခြား Gaming Laptop တွေလို Gamer အရမ်းမဆန်ဘဲ ရိုးရှင်းပြီးတော့ သေသပ်တဲ့ Design ကို RGB Bling Bling တွေ မျက်စိနောက်လောက်အောင်မထည့်ထားတော့ လုပ်ငန်းခွင်မှာပါ ကိုယ့် Laptop ကို တင့်တင့်တယ်တယ်နဲ့အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

အားလုံးကိုခြုံပြောရရင် Acer Predator Helios 300 PH315 ဟာ Laptop တစ်လုံးကို Milti-Purpose အတွက် အသုံးပြုချင်သူတွေ Gaming, Engineering, Design and Editing စသည်ဖြင့် လုပ်ငန်းမျိုးစုံမှာ အသုံးချချင်သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်ပြီးတော့ Warranty ကလည်း ၁ နှစ်ပေးထားပါတယ်။

အခုချိန်မှာ မူရင်းဈေးရဲ့ တစ်ဝက်တိတိကို လျော့ချပေးထားဖြစ်လို့ High Performance Laptop တစ်လုံးရှာနေတဲ့ ဘော်ဒါတွေအတွက် လုံးဝလက်မလွတ်သင့်တဲ့ အခွင့်ရေးဖြစ်ပြီးတော့ သတ်မှတ်ထားတဲ့ရက်အတွင်းသာ လျော့ဈေးနဲ့ရရှိနိုင်မှာပါ ခင်ဗျာ။

စိတ်ဝင်စားတယ်ဆိုရင်တော့ Link ထဲမှာ အသေးစိတ်ကြည့်ရှုပြီး အော်ဒါတင်လို့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *