Laptops, News, Review

Gaming Laptop ဖြစ်တဲ့ Acer Nitro 7 (i7-9th Gen) တွေ ICT.com.mm မှာ ပစ္စည်းထပ်ရောက်ပါပြီနော်

Acer ရဲ့ Nitro စီးရီး Gaming Laptop တွေထဲက စွမ်းဆောင်ရည်အကောင်းမွန်ဆုံး Gaming Laptop ဖြစ်တဲ့ Acer Nitro 7 (i7-9th Gen) တွေ ICT.com.mm မှာ ပစ္စည်းထပ်ရောက်ပါပြီနော်…

လူကြိုက်များတဲ့အတွက် ပစ္စည်းအကုန်မြန်လို့ မြန်မြန်ဝယ်ထားမှ စိတ်ချရမယ်နော်…

Acer Nitro 7 မှာဆိုရင် Gaming Laptop တစ်လုံးအတွက် သင့်တော်တဲ့မျက်နှာပြင်အရွယ်အစား 15.6” နဲ့ Full HD resolution ရရှိတဲ့အပြင် အရောင်ပိုမိုစိုပြည်စေတဲ့ IPS နည်းပညာလည်း ပါဝင်တာကြောင့်ကြည်လင်တောက်ပတဲ့ မျက်နှာပြင်နဲ့ ဂိမ်းကစားနိုင်စေမှာပါ။ Screen Refresh Rate က E-Sport Professional တွေရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့ 144 Hz ရရှိတာကြောင့် အရမ်းမြန်တဲ့ Game Scenes တွေကို ဝေဝါးမှုမရှိဘဲ ကစားနိုင်မှာပါ။

အမိုက်စား Gaming စွမ်းဆောင်ရည်ရရှိဖို့ CPU အဖြစ် i7-9750H Processor နဲ့အတူ DDR4 RAM 16GB ကို တပ်ဆင်ပေးထားပါတယ်။ RAM 16GB က Onboard နဲ့ Slot မှာ 8GB စီ တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ HDD ထက် ပိုမိုမြန်ဆန်ပြီးအသံဆူညံမှုမရှိသလို အကြမ်းလည်းခံတဲ့ SSD 512GB ကို တပ်ဆင်ထားတဲ့အတွက် Windows နဲ့ Game Software ဖွင့်ချိန်က စက္ကန့်ပိုင်းပဲ ကြာမြင့်စေမှာ ဖြစ်ပါတယ်။

Gaming Laptop ရဲ့အသက်ဖြစ်တဲ့ ဂရပ်ဖစ်ကတ်အတွက် NVIDIA® GeForce® GTX1660Ti 6GB GDDR6 ဂရပ်ဖစ်ကတ်ကို တပ်ဆင်ပေးထားပါတယ်။ GTX 1070 ဂရပ်ဖစ်ထက်ပိုမိုသာလွန်တဲ့ဂရပ်ဖစ်ကတ်ဖြစ်ပြီး နာမည်ကျော် PC ဂိမ်းတွေအားလုံးကိုအဆင်ပြေပြေကစားနိုင်စေမဲ့ ဂရပ်ဖစ်ကတ်ပဲ ဖြစ်ပါတယ်။ မော်ဒန်ခေတ်ဂိမ်းတွေမှာဆိုရင်ပိုမိုမြန်ဆန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ပါတယ်။ ဒေတာလိုင်းဆွဲအားကောင်းတဲ့ WiFi နည်းပညာပါဝင်လို့ Online Multiplayer ဂိမ်းတွေကစားချိန်မှာ လိုင်းကျသွားမှာကိုစိတ်ပူဖို့မလိုတော့ဘူးနော်။

ကီးဘုတ်အတွက် အနီရောင်မီးပါတဲ့ အမိုက်စား Gaming ကီးဘုတ်ကိုတပ်ဆင်ပေးထားပါတယ်။ ဘတ္ထရီအတွက်ကိုတော့ အချိန်အတော်ကြာအောင် အသုံးပြုနိုင်မဲ့ 4 cell 80Whr ဘတ္ထရီအမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။ ကိုယ်ထည်ဒီဇိုင်းက အမိုက်စား Gaming Laptop ဒီဇိုင်းသစ်ဖြစ်ပြီး Shale Black အနက်ရောင်ကာလာနဲ့ဆိုတော့ အမိုက်စား Gaming Laptop တစ်ခုဆိုလဲ မမှားဘူးနော်…

ခု ICT.com.mm မှာ အာမခံ (၃)နှစ် အထိပေးထားတဲ့ Acer Nitro 7 (i7-9th Gen) ကို ပစ္စည်းရှိတုန်း ဒီအောက်ကလင့်ခ်ထဲမှာ K1,711,800 နဲ့ ဝယ်ယူနိုင်ပါပြီ…
👇👇👇👇
———————————————————

ဒါတင်မကသေးဘဲ ခုလာမယ့် ဒုတိယအပတ် ဒီဇင်ဘာလ ( ၁၇)ရက်၊ ကြာသပတေးနေ့အတွက် ဒုတိယမြောက် ဖောက်ပေးမယ့် ကံစမ်းမဲကတော့ K1,161,600 တန် AOC Monitor U32U1 အမဲရောင် Monitor တစ်လုံးပဲ ဖြစ်ပါတယ်…

ဘယ်သူတွေများ ကံထူးဦးမလဲမသိဘူးနော်??

ဒါ့ကြောင့် ICT.com.mm မှာ Shopping ထွက်ရင်း၊ အရမ်းတန်တဲ့ K1,161,600 တန် AOC Monitor U32U1 အမဲရောင် Monitor ကို ကံစမ်းလို့ရအောင် ခုပဲ ဒီအောက်က လင့်ခ်ထဲဝင်ပြီး ဈေးဝယ်ကံစမ်းလိုက်တော့နော်…
👇👇👇👇

Leave a Reply

Your email address will not be published. Required fields are marked *