News, Promotion

Acer Nitro 7 (i7-9th gen) နဲ့ (i5-9th gen) ကို $30 ထပ်လျှော့ပြီး အောက်တိုလကုန်ထိ တိုးလိုက်ပါပြီနော်

အောက်တိုဘာလ အစပိုင်းမှာလျှော့ပေးထားတဲ့ Acer Nitro 7 (i7-9th gen) နဲ့ (i5-9th gen) ကို 10% လျှော့ထားပြီးသားဈေးမှ ထပ်ပြီး $30 ထပ်လျှော့ကာ ပရိုမိုးရှင်းကာလကို အောက်တိုဘာ ၁၅ ရက်နေ့မှ အောက်တိုလကုန်ထိ တိုးလိုက်ပါပြီ မိတ်ဆွေတို့ရေ…

Acer Nitro 7 က Acer ရဲ့ Nitro စီးရီး Gaming Laptop တွေထဲမှာ စွမ်းဆောင်ရည်အကောင်းမွန်ဆုံး Gaming Laptop ဖြစ်ပါတယ်။ Gaming Laptop တစ်လုံးအတွက် သင့်တော်တဲ့မျက်နှာပြင်အရွယ်အစား 15.6” နဲ့ ထုတ်လုပ်ပေးထားပါတယ်။

Display မျက်နှာပြင်က Full HD resolution ရရှိတဲ့အပြင် အရောင်ပိုမိုစိုပြည်စေတဲ့ IPS နည်းပညာလည်း ပါဝင်တာကြောင့်ကြည်လင်တောက်ပတဲ့ မျက်နှာပြင်နဲ့ ဂိမ်းကစားနိုင်စေမှာပါ။

Screen Refresh Rate က E-Sport Professional တွေရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့ 144 Hz ရရှိတာကြောင့် အရမ်းမြန်တဲ့ Game Scenes တွေကို ဝေဝါးမှုမရှိဘဲ ကစားနိုင်မှာပါ။

အမိုက်စား Gaming စွမ်းဆောင်ရည်ရရှိဖို့ CPU အဖြစ် i7-9750H Processor နဲ့အတူ DDR4 RAM 16GB ကို တပ်ဆင်ပေးထားပါတယ်။ RAM 16GB က Onboard နဲ့ Slot မှာ 8GB စီ တပ်ဆင်ပေးထားတာဖြစ်ပါတယ်။

HDD ထက် ပိုမိုမြန်ဆန်ပြီးအသံဆူညံမှုမရှိသလို အကြမ်းလည်းခံတဲ့ SSD 512GB ကို တပ်ဆင်ထားတဲ့အတွက် Windows နဲ့ Game Software ဖွင့်ချိန်က စက္ကန့်ပိုင်းပဲ ကြာမြင့်စေမှာ ဖြစ်ပါတယ်။

Gaming Laptop ရဲ့အသက်ဖြစ်တဲ့ ဂရပ်ဖစ်ကတ်အတွက် NVIDIA® GeForce® GTX1660Ti 6GB GDDR6 ဂရပ်ဖစ်ကတ်ကို တပ်ဆင်ပေးထားပါတယ်။ GTX 1070 ဂရပ်ဖစ်ထက်ပိုမိုသာလွန်တဲ့ဂရပ်ဖစ်ကတ်ဖြစ်ပြီး နာမည်ကျော် PC ဂိမ်းတွေအားလုံးကိုအဆင်ပြေပြေကစားနိုင်စေမဲ့ ဂရပ်ဖစ်ကတ်ပဲ ဖြစ်ပါတယ်။

မော်ဒန်ခေတ်ဂိမ်းတွေမှာဆိုရင်ပိုမိုမြန်ဆန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ပါတယ်။ ဒေတာလိုင်းဆွဲအားကောင်းတဲ့ WiFi နည်းပညာပါဝင်လို့ Online Multiplayer ဂိမ်းတွေကစားချိန်မှာ လိုင်းကျသွားမှာကိုစိတ်ပူဖို့မလိုပါဘူး။

ကီးဘုတ်အတွက် အနီရောင်မီးပါတဲ့ အမိုက်စား Gaming ကီးဘုတ်ကိုတပ်ဆင်ပေးထားပါတယ်။ ဘတ္ထရီအတွက်ကိုတော့ အချိန်အတော်ကြာအောင် အသုံးပြုနိုင်မဲ့ 4 cell 80Whr ဘတ္ထရီအမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။

For Acer Nitro 7 (i5-9th gen),

For Acer Nitro 7 (i7-9th gen),

Leave a Reply

Your email address will not be published. Required fields are marked *