Mobile, News, Review

Acer Liquid Z5

Acer Liquid Z5

ကမ္ဘာ့စမတ်ဖုန်းလောကထဲကို နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် Acer မှLiquid Z5 စမတ်ဖုန်းကို ထုတ်ဖော်ပြသခဲ့ပါသည်။
Acer ရဲ့ အောင်မြင်မှုရရှိနေတဲ့ Liquid Series ထဲမှ Z5 Series အသစ်ကို ဆန်းသစ်လှပမှုတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ပြီးပြည့်စုံစေမဲ့ နေ့ရက်တိုင်းအတွက် Liquid Z5 က သင့်အတွက် ရောက်ရှိလာခဲ့ပါပြီ။ မြန်နှုန်းမြင့် Media Tek MT6572 Cortex A7 Dual Core 1.3GHz CPU ကို အသုံးပြုထားတဲ့အတွက် မြန်ဆန်တဲ့ အတွေ့အကြုံသစ်တွေကို ရရှိခံစားရစေပါတယ်။ ပြည့်စုံစေမယ့် System Memory 1 GB ပါဝင်လာမှုကလည်း ကျေနပ်စေလောက်တဲ့ ဝန်ဆောင်မှုတစ်ခုအပြင် သိုလှောင် သိမ်းဆည်းမှုပမာဏ 4GB ထည့်သွင်းပေးထားပြီး 32GB အထိ တိုးမြင့်နိုင်ခြင်းက လက်တွေ့ဆန်တဲ့ ပြည့်စုံမှုဖြစ်စေပါတယ်။ တန်းဝင် Budget စမတ်ဖုန်းတစ်လုံးအတွက် Mali 400 512 MB GPU က သင့်အတွက် ခန့်ညားစေမှာအမှန်ပါ။ အရည်အသွေး မြင့်ပုံရိပ်တွေနှင့် ဂိမ်းများအတွက် အကောင်းဆုံး ထောက်ပံ့မှုပေးထားပြီး 5” inches FWVGA (854 x 480) ရုပ်ထွက် မျက်နှာ ပြင်က လှပတောက်ပြောင်တဲ့ မြင်ကွင်းတွေကို ရရှိစေမှာပါ။

Pixel Density အနုစိတ်ပုံဖော်မှုကလည်း 196 ppi ဖြစ်တာကြောင့် ကျေနပ်လက်ခံစေမဲ့ အမျိုးအစားဖြစ်ပါတယ်။ သင့်ရဲ့အမှတ်တရရှိစေမယ့် အကြောင်းအရာတွေကို မှတ်တမ်း တင်ဖို့ 5 MP Main Camera ပါဝင်လာပြီး 0.3MP Fornt Camera ပါဝင်ကာ Feature များအနေဖြင့် auto focus sensor LED Flash တို့ ပါဝင်ထားပါတယ်။ Liquid Z5 ကို 3G Network မှာ မောင်းနှင်းနိုင်မှာ ဖြစ်ပြီး 3G Speed အတွက်လည်း HSDPA ကို 21 Mbps မှ HSUPA 5.76 Mbps အထိ ရရှိမှာဖြစ်ပါတယ်။ ဖုန်းအဝင်ဖြေကြားမှုအတွက် Acer ရဲ့နာမည်ကျော် Float UI ပါဝင်လာမှာဖြစ်ပြီး Dual Simအနေဖြင့် GSM & WCDMA ကွန်ယက်တွေကို အသုံးပြုနိုင်ခြင်းက အားသာချက်တစ်ခု ဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာအတွက် ကမ္ဘာကျော် DTS Sound System နှင့်ပွဲထွက်လာကာ Blasts Clear Loud audio စနစ်က ကြည်လင်ပြီး သန့်စင်တဲ့အသံထွက်စနစ်ကို ရရှိစေမှာဖြစ်ပါတယ်။ ဆန်းသစ်မှုတစ်ခုအနေဖြင့် အနောက်ဘက်ပါဝင်တဲ့ Sensor လေးကိုနှိပ်လိုက်မယ်ဆိုရင် Acer RAPID ရဲ့နည်းပညာကြောင့် Camera ကို လျှင်မြန်စွာရှာဖွေနိုင်မှာဖြစ်ပြီး ဖုန်းအဝင်ဖြေကြားခြင်း Home Screen တို့ကိုလျှင်မြန်စွာ ချိတ်ဆက်ပေးထားမှုက အံ့သြလောက်စေမှာအမှန်ပါပဲ။ လူကြိုက်များတဲ့ Android Jelly Bean 4.2.2 Versionကို အသုံးပြုထားတဲ့အတွက် အကြိုက်တွေ့စေမှာ အမှန်ပါ။ လှပပြီး ဆန်းသစ်တဲ့ဒီဇိုင်းတွေ နည်းပညာအတွေ့အကြုံတွေ ပါဝင်ပြီး ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတစ်လုံးကို ရှာဖွေနေသူတွေအတွက် Acer Liquid Z5 ကိုရွေးချယ်ဖို့ညွှန်းပါရစေ။ စိတ်ပါဝင်စားပြီး မေးမြန်းဆက်သွယ်သူတွေအတွက် ရွှေလမင်းနဂါးကုမ္ပဏီမှ တရားဝင်တင်သွင်းပြီး အာမခံ သက်တမ်း (၁)နှစ်ပေးထားကာ Tel: 09-252-229-400, 252-229-500, 01-227-781, 230-1797, 230-1798 [email protected] အမြို့မြို့အနယ်နယ်ရှိ ဖုန်းဆိုင်ကြီးများတွင် စုံစမ်းမေးမြန်း ဝယ်ယူရရှိနိုင်ပါသည်။ ဈေးနှုန်းမှာ- (၁၅၀ဝ၀ဝ) ကျပ်ဝန်းကျင်။

Leave a Reply

Your email address will not be published. Required fields are marked *