Windows System Restore အကြောင်း
သင့်ကွန်ပြူတာ အလုပ်ကောင်းကောင်း မလုပ်တော့ရင် Windows System Restore က ကယ်တင်ပေးနိုင်ပါတယ်။ System Restoreလုပ်တယ်ဆိုတာ Windows Systemကို Backup လုပ်တာ ဖြစ်ပါတယ်။ System Restore Pointဆိုတာ ဘာလဲ? System Restore featureကို သုံးသင့်သလား ဒါမှမဟုတ် မသုံးဘဲ Disableလုပ်သင့်သလား? သုံးမယ်ဆိုရင် ဘယ်လို အသုံးပြုရမလဲ? စတဲ့ မေးခွန်းတွေကို ဒီဆောင်းပါးက အဖြေပေးပါလိမ့်မယ်။
System Restore Pointsဆိုတာ ဘာလဲ?
System Restoreဆိုတာ Windows MEမှာ စပါလာတဲ့ Windows operating systemရဲ့ Featureတစ်ခု ဖြစ်ပါတယ်။Restorationမှာ ပါရှိတဲ့ Data Typesတွေကတော့ System Files, Installed Applications, Windows Registry, System Settingsတို့ပဲ ဖြစ်ပါတယ်။ သင်တွေ့ မြင်တဲ့အတိုင်းပဲ System Restoresကို အသုံးပြုဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် မှန်ကန် တဲ့ အခြေအနေ အချိန်အခါမှာ အသုံးချ တတ်ရင်တော့ အလွန်အသုံး၀င်ပါတယ်။
System Restoreက Restore Pointsတွေကို ပြုလုပ်ပါတယ်။ Restore Pointsတွေကို အဲဒီအချိန်က System ရဲ့Snapshotsတွေ အနေနဲ့ ယူဆလို ့ရပါတယ်။ Restore Pointsတွေကို အသုံးပြုရင် Windowsက Systemကို အရင်အချိန်က အခြေအနေကို ရောက်ရှိစေပါတယ်။
Restore Pointsတွေကို ကိုယ်တိုင် ပြုလုပ်နိုင်သလို Systemကလည်း အလိုလို ပြုလုပ်တတ်ပါတယ်။ Restore Pointsတွေကို အလိုလို ပြုလုပ်တတ်တဲ့ အချိန်တွေကတော့
– Softwareတစ်ခုရဲ့ Installerက System Restoreကို ပြုလုပ်ဖို့ စေခိုင်းတဲ့အခါ
– Windows Updateက Updatesတွေကို အင်စတော လုပ်တဲ့အခါ
– System Driversတွေကို Install , Update လုပ်တဲ့အခါ
– System Restore ပြုလုပ်ဖို့ Schedule လုပ်ခိုင်းထားတဲ့အခါSystem Restore featureကို သုံးဖို့ အတွက် အဲဒီ Featureကို Enableလုပ်ထားဖို့ လိုပါတယ်။ System Restoreကို Enableလုပ်ဖို့ကိုတော့ ဒီဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းမှာ ရေးပေးပါမယ်။ System Restoreကို သုံးသင့်သလား၊ မသုံးသင့်ဘူးလား ဆိုတာကိုတော့ နောက်အပိုင်းမှာဆက်ဖတ်ပြီး သင်ကိုယ်တိုင်ဆုံးဖြတ်ပါ။
System Restoreကို သုံးသင့်သလား?
Windows XPမှာ System Restoreရဲ့ အလုပ်လုပ်ပုံကြောင့် လူကြိုက်သိပ်မများခဲ့ပါဘူး။ System Restore Pointsတွေ ပြုလုပ်တဲ့အချိန်ဟာ ကြာမြင့်သလို ၊ Restore Pointsတွေကို အသုံးပြုပြီး Systemကို အရင်အခြေအနေကို ပြန်ရောက်အောင်လုပ်တဲ့အခါမှာလည်း ကျေနပ်စရာ မကောင်းလှပါဘူး။ဒါပေမယ့် Windows 7 , Windows 8မှာတော့ System Restoreက သိသိသာသာ ပြောင်းလဲလာပြီး တိုးတက် ကောင်းမွန်လာပါတယ်။
System Restoreရဲ့ ဆိုးကျိုးတစ်ခုကတော့ Disk Spaceနေရာ တော်တော်ယူတာပဲ ဖြစ်ပါတယ်။ Windowsက System Restoreအတွက် Disk Spaceတစ်ခု သီးခြား သတ်မှတ်ပေးပါတယ်။အဲဒီ Disk Spaceကို ပြောင်းလဲဖို့ အောက်ကနည်းအတိုင်း ပြုလုပ်ပါ။
– Control Panel ကိုဖွင့်ပါ။
– System ကိုဖွင့်ပါ။ ရှာမတွေ့ ရင် Search Box ကနေရှာဖွင့်ပါ။
– ဘယ်ဘက်မှာရှိတဲ့ System Protection ကို နှိပ်ပါ။
– Configure ကိုနှိပ်ပါ။
– Disk Space Usage slider ကို ပြောင်းလဲ ပြီး Disk Space ကိုသတ်မှတ်ပေးပါ။
သတ်မှတ်ထားတဲ့ Disk Spaceက တဖြည်းဖြည်း ပြည့်လာရင် Older Restore Pointsတွေကို ဖျက်ပေးပြီး အသစ်တွေကို သိမ်းပေးထားပါတယ်။ Restore Pointsတွေကို ကိုယ်တိုင်လည်း ရှင်းလင်းနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံး တစ်ခုကိုတော့ ရှင်းလို့ မရပါဘူး။ Restore Pointsတွေကို ရှင်းဖို့ အတွက် အောက်ကနည်းအတိုင်း ပြုလုပ်ပါ။
– System Driveအတွက် Disk Cleanupကို Run ပါ။( Computerအောက်က System Driveပေါ်မှာ Right Clickနှိပ်ပြီး Propertiesကို နှိပ်ပါ။ Disk Cleanupကို နှိ်ပ်ပါ။
– Clean up system filesကို နှိပ်ပါ။
– More Options tabကို နှိ်ပ်ပါ။
– System Restore and Shadow Copiesမှာ Clean upကို နှိပ်ပါ။
System Restoreကို အသုံးပြုလို့ သင့် Systemရဲ့ Performanceကျမှာကို စိုးရိမ်သလား? System Restoreက သင်ကိုယ်တိုင် ပြုလုပ်တဲ့အခါ ဒါမှမဟုတ် Systemက Idleဖြစ်တဲ့အခါမှသာ အလိုလို ပြုလုပ်တဲ့အတွက် Systemရဲ့ Performanceကျမှာကို စိုးရိမ်စရာမလို ပါ။
Windows System Restoreကို Set Up ပြုလုပ်ခြင်း။
System Restoreကို Enableပြုလုပ်ဖို့ အောက်က နည်းအတိုင်း ပြုလုပ်ပါ။
– Control Panel ကိုဖွင်
– System ကိုဖွင့်ပါ။
– System Protection ကို နှိပ်ပါ။
– Configure ကိုနှိပ်ပါ။
– Restore system settings and previous versions of file ကိုရွေးပါ
System Restore Pointတစ်ခု ပြုလုပ်ချင်ရင် အောက်ကနည်းအတိုင်း ပြုလုပ်ပါ။
– Control Panelကို ဖွင့်ပါ။
– Systemကို ဖွင့်ပါ။
– System Protectionကို နှိပ်ပါ။
– Createကို နှိပ်ပါ။
– Restore Pointကို နာမည်ပေးပါ။
Windows System Restoreဟာ အရင် Windows Versionတွေမှာထက် ပိုမိုကောင်းမွန်လာသော်လည်း အပြည့်အ၀တော့ယုံကြည့်လို့ မရပါဘူူး။ တစ်ခါတစ်လေမှာ Restoreလုပ်လို့ မအောင်မြင်တာတွေ ဖြစ်တတ်ပါတယ်။ Windows 8ကို အသုံးပြုမယ်ဆိုရင်တော့ System Restoreလို အသုံးပြုလို့ ရတဲ့ Refresh or Resetစတဲ့ Featureတွေကို အသုံးပြုနိုင်မှာပါ။
အချုပ်
System Restoreက Systemကို Backupလုပ်ပေးနိုင်တဲ့အတွက် သင့်ကွန်ပြူတာ ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အချိန်မှာ အလွန်အသုံး၀င်တဲ့ Tool တစ်ခုပါ။ နောက်ပေါ်တဲ့ Windows OS Versionတွေမှာ System Restoreပြုလုပ်ရတာ လွယ်ကူမြန်ဆန်ပါတယ်။ အဲဒီအတွက် System Restoreလို ကောင်းမွန်တဲ့ Featureကို အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။