ဆိုဗီယက် ဟယ်လီကော်ပတာ တစ်စီးဖြစ်တဲ့ Mil V-12ကို ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ပြီးတဲ့နောက် ကမ္ဘာ့အကြီးဆုံး ဟယ်လီကော်ပတာ တစ်စီးဖြစ်လာတဲ့အပြင် ကမ္ဘာ့ပထမဆုံး “လေထဲကဟိုတယ်”လို့ တင်စားသတ်မှတ်ကြပါတယ်။ ဂိမ်းကစားခြင်းကနေ Tea Gardensအထိ Facilityစုံလင်စွာနဲ့ 5 Starအဆင့်ရှိ ဟိုတယ်တစ်လုံး ဖြစ်ပါတယ်။ အဲဒီ ဟယ်လီကော်ပတာထဲမှာ ပါတဲ့ Spec:တွေကို ကြည့်ရုံနဲ့တင် ဒါကြီး ဘယ်လောက်ကြီးတယ်ဆိုတာ သိရမှာပါလို့လည်း ဆိုပါသေးတယ်။ ၁၃၅ပေရှည်ပြီး အမြင့်၄၅ပေ ရှိပါတယ်။
မြေပြင်ကနေ အများဆုံး၀န် 105 Thousand Kilosသယ်ဆောင် နိုင်ပြီး အမြန်ဆုံးမိုင်နှုန်း တစ်နာရီလျှင် ၂၂၅ကီလိုမီတာ (တစ်နာရီလျှင် ၁၅၈မိုင်) မောင်းနှင်နိုင်ပါတယ်။ စမ်းသပ်ပျံသန်းပြီး ဖွင့်လှစ်ခဲ့တာကတော့ ဇွန်လ ၂၆ရက်နေ့က ဖြစ်ပြီး အဆိုပါ လေပေါ်ဟိုတယ်အတွက် ဈေးနှုန်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ Airbus A380ကို ကိုယ်ပိုင်အသုံးပြုဖို့ အော်ဒါမှာခဲ့တဲ့ အာရပ်စော်ဘွားတွေ အတွက် ဒီဟယ်လီကော်ပတာဟာ သူတို့ကို စိတ်ပြောင်းစေမှာလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ မြန်မာအိုင်စီတီ ပရိတ်သတ်တွေအတွက် အဲဒီဟယ်လီကော်ပတာ (ကောင်းကင်ပေါ်က ဟိုတယ်ကြီး) ရဲ့ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

pi kim
OMG! i wanna ride that ! B-) awesome!