၂၀၁၃-၂၀၁၄ ဘဏ္႑ာနှစ်၊ မေလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၄၀ ဒဿမ ၂၀သန်း၊ နယ်စစပ် ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၈၁ ဒဿမ ၄၀သန်း ရှိရာ စုစုပေါင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၇၂၁ ဒဿမ ၆၀သန်း ဖြစ်ပြီး၊ ပုံမှန် သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၈၉၇ဒဿမ ၇၉သန်း၊ နယ်စပ် သွင်းကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၁၅ ဒဿမ ၁၉သန်း၊ စုစုပေါင်း သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀၁၂ ဒဿမ ၉၈သန်း ဖြစ်သဖြင့် ၂၀၁၃-၂၀၁၄ခုနှစ်၊ မေလအတွက် စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၂၉၁ ဒဿမ ၃၈သန်း ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ့ သတင်းစဉ်၏ ဖော်ပြချက်အရ သိရသည်။
၂၀၁၃-၂၀၁၄ခုနှစ်၊ ဧပြီနှင့် မေနှစ်လ အတွင်း မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀၅၀ ဒဿမ ၉၇သန်း၊ နယ်စပ်ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၂၃ ဒဿမ ၂၈သန်းရှိသဖြင့် စုစုပေါင်း ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၄၇၄ ဒဿမ ၂၅သန်း ဖြစ်ပြီး ပုံမှန် သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၆၄၄ ဒဿမ ၉၃၊ နယ်စပ် သွင်းကုန် တန်ဖိုး ၂၄၂ ဒဿမ ၄၇သန်းရှိရာ စုစုပေါင်း သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၈၇ ဒဿမ ၄၀သန်း ဖြစ်သောကြောင့် ၂၀၁၃-၂၀၁၄ခုနှစ်၊ ဧပြီလမှ မေလအတွင်း စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၄၁၃ ဒဿမ ၁၅သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟို စာရင်းအင်း အဖွဲ့မှ လစဉ် တင်ပြသော ပို့ကုန် သွင်းကုန် အခြေအနေ အစီရင်ခံစာအရ ဖော်ပြထားပါသည်။