Fujifilmရဲ့ အိတ်ဆောင် တန်ဖိုးနည်း ကင်မရာသစ် FinePix Z1000EXRဟာ သုံးစွဲသူတွေရဲ့ မှတ်ချက်ကောင်းတွေနဲ့အတူ ဈေးကွက်မှာ နေရာကောင်း ရရှိနေပါတယ်။ အိတ်ဆောင်ကင်မရာ တစ်လုံးမှာ Mega Pixel 10ကနေ 12 ကြားထဲသာ ရှိတတ်ကြပေမယ့် ယခု ကင်မရာမှာတော့ 16MP စွမ်းအားရှိမယ့် Lens ပါရှိမှာ ဖြစ်ပါတယ်။ Optical Zoom လုပ်ဆောင်နိုင်မှုနှုန်းက 5xထိ ပါရှိထားပြီး Zoomကို အသုံးပြုတဲ့အခါ ဖြစ်တတ်သည့် Focus မပြတ်သားမှုတွေ အတွက်လည်း အဆင်ပြေနိုင်အောင် ပုံရိပ် ေ၀ဝါးမှု ရာခိုင်နှုန်း ၃၀ထိ လျော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။ Screenက Touch- screenစနစ် LCD အမျိုးအစားဖြစ်ပြီး၊ ပြသပေးနိုင်မယ့် အကျယ်အ၀န်းက ၃.၅ လက်မ ရှိမှာ ဖြစ်ပါတယ်။ LCD Screenဖြစ်ပေမယ့် Viewing Angleတွေ ကောင်းမွန်အောင် ဖန်တီးထားပါတယ်။ နည်းပညာမြင့် ပစ္စည်းတွေ အပေါအများ ထွက်ရှိလာတဲ့ အတွက် ဒီကင်မရာရဲ့ လုပ်ဆောင်နိုင်မှုတွေထဲက အခြားသော အရာတွေထက် ထူးခြားတာ တစ်ခုက Dataတွေကို Transfer အပိုင်းမှာ Wireless စနစ်နဲ့ လုပ်ဆောင် ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ Smart-phone, Tablet, iPad, iPhoneတွေနဲ့ပါ အလွယ်တကူ ချိတ်ဆက်နိုင်မှာပါ။ ကိုယ်ထည် အရွယ်အစားက ၆ × ၁၀.၂ × ၁.၈ စင်တီမီတာ ဖြစ်ပြီး၊ အလေးချိန်ကတော့ ၁၄၁ ဂရမ်သာ ရှိမှာ ဖြစ်ပါတယ်။ Memory Card Slotလည်း ပါ၀င်ပြီး၊ Memory အပိုင်းမှာလည်း SD Cardကို 32GB ထိအောင် တိုးမြှင့် သုံးစွဲနို်င်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၁၃၉ပဲ ဖြစ်တာကြောင့် သယ်ယူရ လွယ်ကူတဲ့ အိတ်ဆောင် ကင်မရာတစ်လုံး အတွက်တော့ ဈေးသင့်မည်လို့ မျှော်လင့်ပါတယ်။
Ref: www.amazon.com
Fujifilm FinePix Z1000EXR

20
May