News

Yangon ICT Fair (May 2013) အတွက် အထူးအစီအစဉ်တချို့

ict-fair-700x250

HTC-၂၀၁၃ခုနှစ်၊ မေလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Yangon ICT Fair (May 2013)တွင် HTCမှ မြန်မာစာစနစ် ပါ၀င်သော GSM, CDMA ဖုန်းများကို Booth No. A3တွင် ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် ကံစမ်းမဲ အစီအစဉ်အနေဖြင့် အထူးဆု Toyota Belta (၁)ဆု၊ Panasonic VIERA 42″ TV (၁၀)ဆု၊ urBeats In-Ear Headphones (၁၀၀)ဆုတို့ကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကံစမ်းမဲကာလကို သြဂုတ်လ (၈)ရက်နေ့အထိ သတ်မှတ်ထားပြီး ကံထူးရှင်များ စာရင်းကိုလည်း သတင်းစာနှင့် ဂျာနယ်ကြော်ငြာများတွင် ထည့်သွင်းပေးသွားမည်ဖြစ်ကာ ပြပွဲအကြောင်းအရာများနှင့် ပက်သတ်ပြီး အသေးစိတ် သိလိုပါက ဖုန်း- 245-180၊ 373-026၊ 385-177တို့တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

msi – (Royal Smart Co.Ltd) MSI Brandများဖြစ်သော Laptop, Mainboard, Graphics Card, Tabletနှင့် All-in-One PCများအား Booth No.1တွင် ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်ပြီး msi GE 600ND Gaming Laptopအား ဒေါ်လာ ၃၀ လျှော့၍ ရောင်းချသွားမည် ဖြစ်ပါသည်။ ကံစိမ်းမဲ အစီအစဉ်များ အဖြစ်လည်း ကျပ်ငွေ တစ်သိန်း၊ ငါးသောင်းကျပ်၊ သုံးသောင်းနှင့် အခြားသော ငွေသားကံစမ်းမဲ အစီအစဉ်များပါ၀င်ကာ ATI Cross Fire X နည်းပညာအပါအ၀င် အခြားသော နည်းပညာများကိုလည်း တင်ဆက် ပြသသွားမှာ ဖြစ်ကြောင်း သိရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *