သင့်ကွန်ပျူတာက အလုပ်လုပ်တာတွေ အရမ်းနှေးနေပြီဆိုရင် Cleaning Processလုပ်ဖို့ လိုအပ်မှာ ဖြစ်သလို တစ်ခါတစ်ရံမှာ အခြားသော အကြောင်းအရာ များကြောင့်လည်း နှေးကွေးမှုတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြား ပြစ်ချက်ကြီးကြီးမားမား မရှိပဲ သင့် PCက နှေးနေပြီဆိုရင်တော့ မြန်နှုန်းမြှင့်နိုင်အောင် အောက်ပါအတိုင်း လုပ်ဆောင်နိုင်မှာပါ။ ပထမ အဆင့်အနေနဲ့ သင် မသုံးတာ ကြာပြီဖြစ်တဲ့ Softwareတွေ၊ တစ်နည်း သင်မသုံးတဲ့ Softwareတွေကို ဖြုတ်ပစ်လိုက်ပါ (Uninstall လုပ်ပါ)။ အထူးသဖြင့် Start Barနဲ့ Browerတွေမှာ Plug in လုပ်ထားတဲ့ Softwareတွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က Startupမှာ မလိုအပ်တဲ့ Applicationတွေကို ဖြုတ်ပစ်လိုက်ပါ။ Uninstallကို ဆိုလိုတာ မဟုတ်ပဲ Disable လုပ်ဖို့ ပြောတာပါ။ တကယ်လို့ သင့်ကွန်ပျူတာမှာ Error တစ်ခုခု အမြဲ ဖြစ်နေတတ်တယ်ဆိုရင် Error Messageတွေ ထုတ်ပေးဖို့အတွက် Miscrosoft Security Essentialလို Softwareမျိုးကို Runပေးဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် Googleက Error Messageတွေကို သင့် အတွက်အမြဲ ပို့ပေးနေပါလိမ့်မယ်။ နောက်ဆုံး အထက်ပါ နည်းလမ်းတွေနဲ့ မရတော့ဘူးဆိုရင်တော့ သင့် PCကို Window အသစ်သာ ပြန်တင်လိုက်ပါတော့။ တကယ်လို့ သင်ဟာ Window 8 သုံးစွဲနေရင်တော့ Refresh Your PC Featureကို အသုံးပြုနိုင်ပါတယ်။
Ref: www.howtogeek.com
သင့်ကွန်ပျူတာကို မြန်နှုန်းမြှင့်ရအောင်…

13
May