ရုပ်ရှင်တွေထဲမှာ မြင်တွေ့ရတဲ့ ကျဉ်ကာ အင်္ကျီ တွေနဲ့ မတူဘဲ သာမာန် အင်္ကျီ တွေရဲ့ သွင်ပြင်အတိုင်းပဲ ၀တ်ဆင်အသုံးပြုနိုင်တဲ့ ကျဉ်ကာ အင်္ကျီ တွေရရှိပါပြီ။ သာမာန်အင်္ကျီတွေလိုပဲချုပ်လုပ်ထားတဲ့ အင်္ကျီ က ကျဉ်ကို ကာကွယ်နိုင်တယ်ဆိုတာ အလွန်ထူးခြားဆန်းသစ်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ Carbon Nanotubes Fabric အလွှာလေးတွေနဲ့ အင်္ကျီ ကိုပြုလုပ်ထားတာဖြစ်တဲ့အတွက် အဲဒီအင်္ကျီဟာ မာကျောတဲ့ ကျဉ်ကာအင်္ကျီ တစ်ခုတော့ မဟုတ်ပါဘူး။ Carbon Nanotubes တွေရဲ့ စွမ်းရည်ကိုအသုံးပြုပြီး အားတစ်ခုကိုတုန့်ပြန်နိုင်အောင် ဒီဇိုင်းပြုလုပ်တီထွင်ထားကြတာပါ။ အဲဒီအင်္ကျီက 9mm နဲ့ .45 ကျဉ်တွေကိုကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ဓါးထိုးခံနိုင်တဲ့ စွမ်းရည်လည်းရှိပါတယ်။
Garrison Bespoke Suit လို့နာမည်ပေးထားပြီး $19,160 (£11,900) တန်ကြေးရှိတဲ့အတွက် ဈေးအလွန်ကြီးမြင့်တယ်လို့ဆိုနိုင်ပါတယ်။ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်တွေနဲ့ ရုပ်ဖျက်ပြီးထောက်လှမ်းရတဲ့ စုံထောက်တွေ ၀ယ်ယူ၀တ်ဆင်ကြမယ်လို့ ထင်ပါတယ်။
ကျဉ်ကာ အင်္ကျီတွေ ရပြီ

08
Nov