နိုင်ဂျီးရီးယား အခြေစိုက် ငွေကြေးဆိုင်ရာ မဂ္ဂဇင်း၏ ဖေါ်ပြချက်အရ အာဖရိကတိုက်တွင် ဘီလျံနာ ၅၅ဦးရှိရာ ယခင်ခန့်မှန်းထားသည်ထက် များပြားလာကြောင်း သိရသည်။ အဆိုပါ သန်းကြွယ်သူဌေးကြီးများ စာရင်းတွင် အမျိုးသမီးသုံးဦး ပါဝင်လာပြီး ၎င်းမှာ ကင်ညာသမ္မတ၏ မိခင်၊ အင်ဂိုလာသမ္မတ၏ သမီးနှင့် နိုင်ဂျီးရီးယားရေနံသူဌေးနှင့် ဖက်ရှင်ဒီဇိုင်နာတို့ ဖြစ်ကြသည်ဟု ဆိုသည်။
အမျိုးသားများတွင် အချမ်းသာဆုံးမှာ နိုင်ဂျီးရီးယားနိုင်ငံသား အလီကိုဒန်ကိုတေး ဆိုသူ ဖြစ်သည်။ သူသည် အမေရိကန်ဒေါ်လာ ၂၀ဒသမ ၂ဘီလီယံ ချမ်းသာသည်ဟု ဗင်းချား မဂ္ဂဇင်းက ဖေါ်ပြထားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း အာဖရိက၌ အလွန်ဆင်းရဲနွမ်းပါးသူ အရေအတွက်သည် ၂၀၅သန်းမှ ၄၁၄သန်းအထိ မြင့်တက်လာကြောင်း ကမ္ဘာဘဏ်က ဧပြီလတွင် ပြောကြားခဲ့သည်။ သို့ရာတွင် ယခုအခါ အာဖရိကတိုက်၌ ချမ်းသာသူများ ရှိနေပြီဟု ဆိုသည်။
အဆိုပါ ချမ်းသာသူ ၅၅ဦးတွင် နိုင်ဂျီးရီးယားမှ ၂၀ဦး၊ တောင်အာဖရိကမှ ကိုးဦးနှင့် အီဂျစ်မှ နှစ်ဦး ပါဝင်ကြောင်း ဗင်းချားမဂ္ဂဇင်းက ဖေါ်ပြထားသည်။ ၎င်းအချမ်းသာဆုံး ၅၅ဦးနှင့် နှိုင်းစာလျှင် ပြီးခဲ့သည့် နှစ်က အမေရိကန်ငွေကြေးဆိုင်ရာ မဂ္ဂဇင်း ဖောဘက်က ထုတ်ပြန်ခဲ့သည့် ၁၆ဦး စာရင်းထက် ပိုမိုများပြားနေသည်ဟု ဆိုသည်။
အာဖရိက သန်းကြွယ်သူဌေး ၅၅ဦး၏ ပိုင်ဆိုင်မှုအားလုံးကို တွက်ကြည့်လျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃ဒသမ ၈၈ဘီလျံ ရှိရာ တစ်ဦးလျှင် ပျမ်းမျှ ၂ဒသမ ၆ဘီလျံ ပိုင်ဆိုင်မှုရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင်ကျွန်ုပ်အပါအဝင်?
ငါ့အညိုး တွေအကုန်လုံးကို တမတတွေချည်းလုပ်ခိုင်းလိုက်မယ်