News

မြန်မာနိုင်ငံအတွက် HTC Desire 600C Dual Sim စမတ်ဖုန်း မော်ဒယ်အသစ် မိတ်ဆက်

HTC Myanmarမှ မြန်မာဘာသာ စနစ်ပါဝင်သည့် HTC Desire 600C Dual Sim စမတ်ဖုန်း မောဒယ်အသစ် မိတ်ဆက်ပွဲကို အောက်တိုဘာ ၉ရက်နေ့က ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟော်တယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

HTC Myanmar Head of Sale ဖြစ်သူ ဦးခိုင်စိုးက “HTC Desire 600C Dual Sim ဖုန်းမော်ဒယ်သစ်က အရည်အသွေးအနေနဲ့ မြန်မာနိုင်ငံအတွက် သင့်လျှော်နိုင်မှာပါ။ ဒီဇိုင်းနဲ့ နည်းပညာအပိုင်းတွေမှာလည်း ဆန်းသစ်အောင် တီထွင်ထားပါတယ်။ မြန်မာဘာသာ စနစ်နဲ့ အသုံးပြုနိုင်အောင်လည်း ပြုလုပ်ထားပါတယ်။ ဆင်းကတ်နှစ်ကတ်ကို တစ်ပြိုင်နက်တည်း အသုံးပြုလို့ ရပြီးတော့ ဖုန်းရဲ့ အခြားလုပ်ဆောင်တဲ့ အပိုင်းတွေမှာလည်း ပိုမိုလျှင်မြန်အောင် ဖန်တီးပေးထားပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါ HTC Desire 600C Dual Sim ဖုန်းမော်ဒယ်အသစ်၏ ဟန်းဆက်မျက်နှာပြင်အရွယ်အစားမှာ ၄.၅လက်မရှိပြီး ဆင်းကတ်နှစ်ခုဖြစ်သည့်GSMနှင့် CDMAတို့ကို တွဲဖက်အသုံးပြုနိုင်ပြီး မိုဘိုင်းဖုန်း အကောင့်နှစ်ခုစလုံးတွင် အင်တာနက်လိုင်းများကိုလည်း တစ်ပြိုင်နက်တည်း ချိတ်ဆက် အသုံးပြုနိုင်ကြောင်း သိရသည်။

၎င်းအပြင် HTC Blink Feedပါဝင်သောကြောင့် မီဒီယာပေါင်း ၁၆၀၀ကျော်မှ ပြည်တွင်းပြည်ပ သတင်း အချက်အလက်များအပြင် လူမှုကွန်ရက် Websiteများတွင်လည်း ဆက်သွယ်ဖတ်ရှုနိုင်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *