သင်္ကြန်နား နီးကပ်လာတဲ့အတွက် အိုင်တီ ပစ္စည်းတွေမှာ ဆက်စပ် ပစ္စည်းတွေသာ အဓိကထား ၀ယ်ယူလာကြတာ တွေ့ရပါတယ်။ သင်္ကြန်တွင်း ခရီးထွက်တဲ့အခါ ဒါမှမဟုတ် ရုံးပိတ်ရက်တွေမှာ မိမိနေရပ်ကို ပြန်ကြတဲ့သူများက သယ်ရလွယ်တဲ့ အိုင်တီ ပစ္စည်း အသေးလေးတွေကို ၀ယ်ယူကြတာဟာ နှစ်တိုင်း လိုလိုပါပဲ။ အခု မိတ်ဆက် ပေးချင်တာက သင်္ကြန်တွင်း ခရီးထွက်တဲ့အခါ သီချင်းလေးနဲ့ ငြိမ့်ပြီး သွားချင်သူများအတွက် ရေစိုခံ နားကြပ်လေးပဲ ဖြစ်ပါတယ်။ ထိုနားကြပ်လေးရဲ့ တံဆိပ်နာမည်က Dry Buds ဖြစ်ပြီး ရေစိုခံနိုင်မှု အတိုင်းအတာ တစ်ခုအနေဖြင့် ရေအောက်အနက် ၁၀ပေအနက်ထိ နားဆင်နိုင်တယ်လို့ သိရပါတယ်။ ရေစိုခံနိုင်မှု အတိုင်းအတာ ကောင်းသည့်အပြင် Music အသံကိုလည်း ကြည်လင် ပြတ်သားစွာ နားဆင်နိုင်သည့်အတွက် Music Crazyများအနေဖြင့် သင်္ကြန်တွင်း သီချင်းနှင့်ေ၀းမှာ ပူပန်စရာ မလိုတော့ပါဘူး။ ဈေးနှုန်းအားဖြင့် နှစ်သောင်း ၀န်းကျင်ခန့် ရှိပြီး ဖုန်း ၀၁-၂၂၄-၃၆o လိုင်းခွဲ၂၀၆တွင် မေးမြန်း ၀ယ်ယူနိုင်ကြောင်း သိရသည်။
သင်္ကြန်လည်ရင်း သီချင်း နားထောင်ချင်သူများအတွက် Dry Buds နားကြပ်

08
Apr