သင်္ကြန်တွင်း ရောက်ပြီဆိုရင် အိတ်လေးတွေကို လည်ပင်းမှာ ချိတ်ပြီး ဖုန်းထည့်ထားတဲ့ ပုံစံက သင်္ကြန်ဖက်ရှင် တစ်မျိုးနဲ့တောင် တူနေပါတယ်။ အခု ဈေးကွက် ထဲမှာလည်း ဖုန်းတွေအတွက် ရေစိုခံ အိတ်တွေကလည်း ရောင်းနေပါပြီ။ ဖုန်းတွေကို လည်ပင်းမှာ ချိတ်ဆွဲထားရတာကို စိတ်ပျက် သူများလည်း ရှိနေမှာပေါ့။ ဒီအတွက် တန်ဖိုးကြီးဖုန်း ရေစိုခံကာဗာ တစ်ခုနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။
တန်ဖိုးကြီး ဖုန်းတွေအတွက်လို့ ဆိုလိုတာက ဖုန်းကာဗာ ကိုယ်ထည်က ကြီးနေတဲ့အတွက် Galaxy Note 1, 2, iPhone 4, 5, Samsung S2, S3တွေ အတွက်သာ အသုံးပြုလို့ရခြင်း ဖြစ်ပါတယ်။ ကာဗာပုံစံက စေ့စပ်မှု ရှိတဲ့အတွက် ရေစိုခံနိုင်ပြီး USB Charging အပေါက်လေးတွေကိုလည်း အဖွင့် အပိတ် လုပ်လို့ ရအောင် အပိတ်လေးတွေ ပါ၀င်သည့်အတွက် ရေ၊ သဲ၀င်နိုင်မှုကို တားဆီးပေးမှာပါ။ Fram နှစ်ထပ် ပါ၀င်ပြီး ဖုန်း အနားသားတွေကို Silicon တွေနဲ့ ဖုံးအုပ် ပေးထားတဲ့အတွက် အကြမ်းခံ နိုင်မည် ဖြစ်ပြီး ခါးချိတ်လည်း ပါ၀င်သည့်အတွက် သွားလေရာ အလွယ်တကူ သယ်ဆောင် သွားနိုင်မှာပါ။ အနီ၊ အဖြူ၊ အနက်နှင့် အဝါရောင်လေးများကို ကာလာရောစပ်ထားသည့် ဒီဇိုင်း ပုံစံလေး ရှိပါတယ်။ သူရဲ့ ဈေးနှုန်းက တစ်သောင်းခွဲ ဖြစ်ပြီး ကိုဘီနိုး ဂိမ်းဆိုင်၊ ဖုန်း – ၀၁-၂၅၆-၄၁၇တွင် မေးမြန်း ၀ယ်ယူ ရရှိနိုင်ပါတယ်။