အိပ်ငိုက်လွန်ရောဂါရှင်များအနေဖြင့် ကုသမှုမရှိပါက နောက်ပိုင်းတွင် သွေးတိုး၊ လေငန်း၊ နှလုံး၊ ဆီးချိုရောဂါများကို ထိန်းချူပ်ရန် ခက်ခဲပြီး အရွယ်မတိုင်မီ သေဆုံးမှုများ ရှိနိုင်ကြောင်း ပါရမီဆေးရုံမှ ဒုတိယ ဥက္ကဌဒေါက်တာ ဦးဇေယျာအေးက ပြောသည်ဟု သိရသည်။ ယင်း အိပ်ငိုက်လွန် ရောဂါရှင်များသည် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဆုံးဖြတ်ချက် မှားယွင်းခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းခြင်း၊တို့ ခံစားရလေ့ရှိပြီး ကုသမှု မရှိပဲ ထားပါက ယင်းသို့အရွယ်မတိုင်မီ သေဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။
“ဒီရောဂါကတော့ တိတ်တဆိတ် ဒုက္ခပေးတဲ့ ရောဂါပေါ့။ သူက အိပ်နေစဉ်မှာ ဟောက်တာမျိုးလည်း ဖြစ်တယ်။ အိပ်နေတဲ့အချိန်မှာ အာခေါင်နဲ့ လေပြွန်လမ်းကြောင်း မကြာခဏပိတ်ဆို့မှုကြောင့် ဦးနှောက်နဲ့ ကိုယ်ခန္ဓာကို အောက်ဆီဂျင် ပို့လွှတ်တာ ပြတ်တောက်တာပေါ့။ ဒီတော့ လူကစက္ကန့် အနည်းငယ် နိုးလာရပြီး လေပြန်ရှုဖို့ ကြိုးစားရတယ်။ တစ်ညလုံး ဒီဖြစ်စဉ်အကြိမ်များစွာ ဖြစ်နေတာ ကာယကံရှင်က မသိတာများတယ်။ ညဘက်တွေ အိပ်ရေးမ၀တာတော့ နေ့ခင်းမှာ အိပ်ငိုက်လွန်ရောဂါ ရလာပါတယ်။ သူတို့စောစော မကုရင် အန္တရာယ်ရှိပြီး အရွယ်မတိုင်မီ သေဆုံးတာမျိုးတွေ ဖြစ်နိုင်ပါတယ်”ဟု ၄င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ရောဂါကို Obstructive Sleep Apnea ဟုခေါ်ကြောင်း သိရပြီး ဆေးပညာရှင်များက Silent Killer ဟုခေါ်ေဝါ်ကြကြောင်းလည်း သိရသည်။ ယင်းရောဂါသည် အ၀လွန်သူများ၊ လည်ပင်းတုတ်သူများ၊ မွေးရာပါ မေးရိုး ပုံမှန်မဟုတ်သူများ၊ ဟော်မုန်းဓာတ် ချို့ယွင်းနေသူများ၊ အမျိုးသားများ၊ အရက်နှင့် မူးယစ်ဆေး သုံးစွဲသူများနှင့် ကလေးများတွင် မွေးရာပါ အာသီးကြီးသူတို့တွင် ဖြစ်တတ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရောဂါရှင်များသည် ဦးနှောက်လှိုင်း၊ မျက်လုံးရွေ့လျားမှု၊ ခြေလက်ကြွက်သား လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း၊ အသက်ရှုသွင်း ရှုထုတ်လေအား၊ ရင်ဘတ်နှင့် ၀မ်းဗိုက် လှုပ်ရှားမှုတိုင်းတာသည့် အာရုံခံစနစ်များ ပါ၀င်သည့် ပေါ်လီဆိုနိုဂရမ် သုံးပြီး စစ်ဆေးနိုင်ကြောင်း သိရပါသည်။
ဆေးနည်းရှိရင်ပြောပြပေးပါလား