News

မိုင်ဒါကွင်း၌ ကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ကားပြပွဲကြီး

မော်တော်ယာဉ်များအား အပြိုင်အဆိုင် ဈေးနှုန်းလျှော့ချ ရောင်းပေးမည့် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အစည်ကားဆုံး YANGON INTERNATIONAL AUTO SHOWကားပြပွဲကြီးအား (၁၇.၁၀.၁၃)မှ (၂၀.၁၀.၁၃)ထိ ၄ရက်တိုင်တိုင် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။ ဤပြပွဲကြီးအား ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦး၀ိစာရလမ်းရှိ မိုင်ဒါကွင်း(မြို့မကွင်း)ကြီးတွင် နံနက် ၉နာရီမှ ည ၉နာရီအထိ ကားနှင့် ဆက်စပ်ပစ္စည်းပြခန်း စုစုပေါင်း (၄၀၀)ကျော်ဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။ ဤပြပွဲကြီး၏ ထူးခြားချက်မှာ ကားပြပွဲသို့ သွားရောက်ကြည့်ရှုရုံဖြင့် လူတစ်ဦးလျှင် ကံစမ်းမဲတစ်စောင် အခမဲ့ ရရှိမည် ဖြစ်ပါသည်။

ထို့ပြင် ဤပြပွဲ၌ ကားတစ်စီး၀ယ်ယူရုံ(သို့) မှာယူရုံဖြင့် အထူးကံစမ်းမဲ လက်မှတ် တစ်စောင် ရရှိမည် ဖြစ်ပါသည်။ ဆုမဲများမှာ ပထမဆု- TOYOTAကားသစ် တစ်စီး၊ အခြားဆုမဲများ- TV, ရေခဲသေတ္တာ၊ DVD, ထမင်းပေါင်းအိုးနှင့် အခြားဆုမဲ (၁၀၀)ကျော်အား နေ့စဉ် မဲဖောက်ပေးသွားမည် ဖြစ်ပါသည်။ ဤပြပွဲကြီးတွင် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ရရှိသူများ၊ မော်တော်ယာဉ် အကျိုးဆောင် ကုမ္ပဏီများနှင့် လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချ သူများ၊ ကားအရောင်းပြခန်းများမှ အိမ်စီးနှင့် လုပ်ငန်းသုံးယာဉ်များ၊ စက်ယာဉ်ယန္တားကြီးများ၊ ကားဘက်ထရီနှင့် ကားတာယာများ၊ ကားအင်ဂျင်၀ိုင်နှင့် အခြားစက်ဆီ/ချောဆီ ရောင်း၀ယ်ရေး လုပ်ငန်းများ၊ ကားအလှဆင် ပစ္စည်းများ၊ ကားကက်ဆက်/ Audioနှင့် ဆက်စပ်ပစ္စည်းများ၊ ကားအပို ပစ္စည်းများ၊ ကားတာယာ ကွန်ပေါင်းပန်းတင် လုပ်ငန်းများနှင့် အခြားဆက်စပ် လုပ်ငန်းနှင့် ပစ္စည်းများအား အရောင်းပြခန်းများ ဖွင့်လှစ်၍ ပြသရောင်းချ သွားမည် ဖြစ်ပါသည်။

ဤပြပွဲကြီး၏ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကားပြပွဲကြီးအတွင်း Car Show Roomများ၊ ကားကုမ္ပဏီများ သာမက ကား၀ယ်ရောင်းများ၊ ကားပွဲစားများနှင့် မိမိတို့၏ အိမ်စီးကားများ ရောင်းချလိုသော တစ်ဦးချင်း ယာဉ်ပိုင်ရှင်များ အနေဖြင့်လည်း ပြပွဲအတွင်း သတ်မှတ် နှုန်းထားပေးသွင်း၍ ပါ၀င်ပြသ ရောင်းချနိုင်ရန် စီစဉ်ထားရှိ ပါသည်။ ပြပွဲတွင် ပြခန်းများ ပါ၀င်ပြသ ရောင်းချလိုပါက ပြပွဲကျင်းပရေး ကော်မတီ SMART GROUP ဖုန်း- ၀၁ ၆၅၆၈၇၅, ၆၆၇၄၇၃, ၀၉ ၇၃၀ ၁၄၇၇၇, ၀၉ ၅၀ ၉၉၀ ၇၉ နံပါတ်များသို့ ဆက်သွယ် နိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *