News

HTCကလည်း Fingerprintထည့်သွင်း တော့မည်

တောင်ကိုရီးယား အခြေစိုက် Samsungရဲ့ Galaxy Note 3နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Appleရဲ့ iPhone 5Sတို့ဟာ ရှေ့ဆင့်နောက်ဆင့် ထွက်ရှိ လာပြီးတဲ့နောက် ထိုင်၀မ်အခြေစိုက် HTCကလည်း One Maxဆိုတဲ့ Fingerprintစနစ် ပါ၀င်တဲ့ စမတ်ဖုန်းအသစ်ကို ဒီနှစ် ဆောင်းဦးရာသီမှာ ပွဲထုတ်သွားနိုင်ဖွယ် ရှိပါတယ်။ ရရှိထားတဲ့ သတင်းတွေနဲ့ ပုံတွေသာ တကယ်အတည်ပြု နိုင်မယ်ဆိုရင် အဆိုပါ HTC One Maxဟာ ကျောဘက်မှာ Fingerprint Scannerနဲ့ တကယ်ပဲ ထွက်ရှိလာတော့မှာပါ။

မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် အခုဖော်ပြပေးထားတဲ့ ပုံကတော့ HTC Oneနှစ်လုံးနဲ့ အလယ်က HTC One Maxပဲ ဖြစ်ပါတယ်။ ထွက်ရှိထားတဲ့ HTC Oneထက် ကြီးမားပြီး လေးထောင့်ပုံစံ Finger Print Scannerတစ်ခု ပါ၀င်တာကိုလည်း တွေ့ရမှာပါ။ အဆိုပါ One Maxဟာ CPUအမြန်နှုန်း 2.3GHzရှိပြီး Snapdragon 800 Quad-Core Processorတပ်ဆင် သုံးစွဲထားပါတယ်။ RAMကိုလည်း 2GBသုံးထားပြီး ဖုန်းတွင်း မှတ်ဉာဏ် 16GBပါ၀င်မှာ ဖြစ်တယ်လို့ သိရပါတယ်။ microSD card Slotလည်း ထည့်သွင်းပေးထားမှာ ဖြစ်ကာ မျက်နှာပြင်အကျယ်ကတော့ SONYရဲ့ Phablet Xperia Z Ultraအတိုင်း 6.4လက်မပဲ ဖြစ်ပါတယ်။ ရုပ်ထွက် 1920×1080 Pixels Resolutionရှိတဲ့ Super LCD3 Displayတပ်ဆင် ထားပြီး မျက်နှာပြင်မှာ Pixelသိပ်သည်းဆ 342 ppi(Pixel Per Inch)ဖန်တီး ပေးထားတယ်လို့ ဆိုပါတယ်။

ကင်မရာဟာလည်း Ultra-Pixelကင်မရာဖြစ်ကာ Android Version 4.3အသုံးပြု သွားမှာ ဖြစ်ပါတယ်။ iPhone 5Sဟာ ကမ္ဘာ့ပထမဦးဆုံး လက်ဗွေစနစ်ပါ၀င်တဲ့ စမတ်ဖုန်း ဖြစ်လာပြီးတဲ့နောက် ဒုတိယအနေနဲ့ HTCဖြစ်လာ မလားဆိုတာ စိတ်၀င်စားစရာပါပဲ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “HTCကလည်း Fingerprintထည့်သွင်း တော့မည်

  1. ခိုးတယ္ဟ htc လဲ

  2. johnsonmaung says:

    တရုတ်ကြီးတို့ကတော့ခိုးတာတယ်မြန်သဝေး…..
    htc one က screen off ထားရင်iphoneပါပဲ…
    အဲ့ထဲကဒင်းကိုရွံသွားတာဝေး…

Leave a Reply

Your email address will not be published. Required fields are marked *