News

စနေဂြိုလ်နှင့် သောကြာဂြိုလ် စစ်ထိုးမှု မုန်တိုင်းထန်နိုင်

သဘာ၀ဘေးအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည့် စနေဂြိုလ်နှင့် သောကြာဂြိုလ်တို့ ဂြိုလ်စစ်ထိုးသည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၀ရက်၊ မြန်မာစံတော်ချိန် ၆နာရီ ၄၂မိနစ်တွင် ဖြစ်ပေါ်ရန်ရှိကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့မှ ပြောကြားသည်ဟု သိရသည်။ အဆိုပါ ဂြိုလ်စစ်ထိုးမည့်ဖြစ်စဉ်တွင် စနေဂြိုလ်နှင့် သောကြာဂြိုလ်တို့သည် တူရာသီ၌ အလင်းရောင် အားကောင်းစွာဖြင့် အနောက်လောင်ဂျီတွဒ် ၁၄၄ ဒီဂရီ ၅၅မိနစ်နှင့် တောင်လတ္တီတွဒ် ၁၂ဒီဂရီ ၂၂မိနစ်၊ တောင်ပစိဖိတ် သမုဒ္ဒရာအတွင်း ဖြစ်ပေါ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုကဲ့သို့ ဂြိုလ်စစ်ထိုးမှု ဖြစ်စဉ်သည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ်၊ ရံဖန်ရံခါတွင် နှစ်ကြိမ်အထိ ဖြစ်ပေါ်တတ်ပြီး တူရာသီတွင် ဖြစ်ပေါ် ခြင်းသည် အခြားရာသီခွင်များတွင် ဖြစ်ပေါ်ခြင်းထက် ပိုမိုထူးခြားမှုရှိသည်ဟု ဆိုသည်။ တူရာသီမှာ သောကြာဂြိုလ်၏ အလင်းရောင် တောက်ပသည့် ရာသီခွင် ဖြစ်သကဲ့သို့ စနေဂြိုလ်၏ အလင်းရောင်း တောက်ပသည့် ရာသီခွင်ဖြစ်သကဲသို့ စနေဂြိုလ်အတွက် အတောက်ပဆုံး ရာသီခွင်ဖြစ်ပြီး ယခုဖြစ်ပေါ်မည့် ဖြစ်စဉ်မှာ နှစ်ပေါင်း ၃၀တွင် နှစ်ကြိမ်ခန့်သာ ဖြစ်ပေါ်လေ့ရှိကြောင်း သိရှိရသည်။

“အခုဖြစ်စဉ်ကြောင့် တောင်ပစိဖိတ် သမုဒ္ဒရာမှာ အင်အားပြင်းထန်တဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်ဖို့ရှိတယ်။ မုန်တိုင်းဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သြစတြေးလျနိုင်ငံတွေမှာ အကျိုးသက်ရောက်မှု အရှိဆုံးဖြစ်မယ်။ မြန်မာနိုင်ငံကိုတော့ အနည်းငယ် အကျိုးသက်ရောက်မှု ရှိနိုင်တယ်”ဟု မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့ အမှုဆောင် အရာရှိချူပ် ဦးဇေယျာကိုက ပြောကြားသည်။

ယခုဖြစ်စဉ်တွင် သောကြာနှင့် စနေဂြိုလ်အပြင် ရာဟုဂြိုလ်ပါ ပူးပေါင်းပါ၀င်နေသည့်အတွက် ယခင်ဖြစ်စဉ်များထက် ပိုမိုအင်အားကြီးသည့် မုန်တိုင်းဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပြီး ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်တွင် မြန်မာနိုင်ငံမှ မမြင်နိုင်သော်လည်း စက်တင်ဘာ ၂၀ရက်၊ ညနေ နေ၀င်ချိန်မှ ည ၈နာရီအတွင်း၊ အနောက်ဘက် မိုးကောင်းကင်တွင် သေးငယ်သော အဝါရောင် ကြယ်ပွင့် စနေဂြိုလ်ကို သောကြာဂြိုလ် တောက်ပသော ကြယ်ပွင့်အထက်တွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း ၄င်း၏ ပြောကြားချက်အရ သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *