News

သြစတြေးလျ ရွေးကောက်ပွဲ အတိုက်အခံ တိုနီအက်ဘော့ အနိုင်ရ

သြစတြေးလျ အထွေထွေ ရွေးကောက်ပွဲတွင် အာဏာရ လေဘာတီအား အတိုက်အခံ လစ်ဘရယ် အမျိုးသား¬ညွန့်ပေါင်း အဖွဲ့က အနိုင်ရရှိလိုက်သဖြင့် ပထမဆုံး အနိုင်ရခဲ့ခြင်းဖြစ်သည် သိရသည်။ ပါလီမန်၌ အမတ်ဦးရေ ၁၅၀ရှိရာ အတိုက်အခံတို့က ၈၈နေရာ ရရှိခဲ့ပြီး လေဘာပါတီက ၅၇နေရာသာ ရရှိခဲ့သည်။

၀န်ကြီးချူပ် ဖြစ်လာမည့် လစ်ဘရယ်ခေါင်းဆောင် တိုနီအက်ဘော့က အရည်အချင်းပြည့်၀၍ ယုံကြည်စိိတ်ချရသော အစိုးရ ဖြစ်လာရသည်ဟု ကတိပေး ပြောကြားခဲ့သည်ဟု သိုရသည်။ လေဘာခေါင်းဆောင် လက်ရှိ၀န်ကြီးချူပ် ကီဗင်ရုသ်က စောစောပိုင်းကတည်းက ရံှုးနိမ့်ကြောင်း ၀န်ခံခဲ့ပြီး သူ့အနေဖြင့် လေဘာခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေမည်ဟု ဆိုသည်။

“ယခုအချိန်ကစပြီး ကျွန်တော်ကြေညာပါတယ်။ သြစတြေးလျဟာ အုပ်ချူပ်ရေးအသစ်နဲ့ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း” မစ္စတာအက်ဘော့က ထောက်ခံသူများကို ပြောခဲ့သည်။ ဘတ်ဂျက်ကိုတိုးကာ အာရှမှ လာနေကြသည့် ဒုက္ခသည်များကို ရပ်တန့်စေမည်ဟု ဆိုသည်။ မစ္စတာရုသ်က မစ္စတာအက်ဘော့အား တယ်လီဖုန်းဖြင့် ၀မ်းမြောက်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *