Apps

အန်းဒရွိုက်အတွက် Twitterနဲ့ Instagram

အန်းဒရွိုက်မှာ အသုံးပြုနိုင်မယ့် လူမှုကွန်ရက် နှစ်ခုဖြစ်တဲ့ Twitterနဲ့ Instagramရဲ့ နောက်ဆုံးဗားရှင်းတွေကို မြန်မာအိုင်စီတီ ပရိသတ်တွေ အသုံးပြုနိုင်ဖို့ တင်ဆက်ပေးလိုက် ပါတယ်။ စက်တင်ဘာ ၃ရက်နေ့ကမှ ထွက်ရှိထားတာ ဖြစ်ပြီး Twitterဗားရှင်း 4.1.7ကို ဖိုင်အရွယ်အစား 5.9MBနဲ့ ဒီနေရာမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ Instagramဗားရှင်း 4.1.2ကိုတော့ ဖိုင်အရွယ်အစား 16MBနဲ့ ဒီနေရာမှာရယူနိုင်မှာ ဖြစ်ပါတယ်။ Instagramကို အန်းဒရွိုက်ဗားရှင်း 2.2နဲ့ အထက်မှာမှ အသုံးပြုနိုင်မှာပါ။

Twitterဟာ သင်အခု အသုံးပြုနေတဲ့ Facebookလိုမျိုးပဲ နာမည်ကြီး လူမှုကွန်ရက် တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ပMediaတွေ၊ Celebrityတွေ အသုံးများပြီး သင်ကိုယ်တိုင်လည်း Tweets(စာသားတွေ)နဲ့ ဓာတ်ပုံတွေကို သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ေ၀မျှနိုင်ပါတယ်။ ဗားရှင်းအသစ်မှာ ပြင်ဆင်မှုအချို့ ပြုလုပ်ထားပြီး Conversationလည်း ပုံစံပြောင်းလဲ ထားတယ်လို့ သိရပါတယ်။ User Interfaceလှလှလေးနဲ့ Twitterကိုလည်း Facebookအစား အသုံးပြုကြည့် ကြပါလားခင်ဗျာ။

နောက်တစ်ခုကတော့ ဓာတ်ပုံတွေတင်ရတဲ့ လူမှုကွန်ရက် Instagramဖြစ်ပါတယ်။ Instagramသုံးပြီး Facebook, Twitter, Tumblr, Flickrနဲ့ Foursquareစတဲ့ လူမှုကွန်ရက်တွေမှာပါ ေ၀မျှနိုင်ပြီး Likeလုပ်တာနဲ့ Commentပေးတာတွေ လုပ်ဆောင်နိုင်မှာပါ။ အန်းဒရွိုက်ဗားရှင်း 2.2နဲ့ အထက်မှာ အသုံးပြုနိုင်ပြီး ရှေ့ကင်မရာ၊ နောက်ကင်မရာ နှစ်မျိုးလုံးအတွက် ထောက်ပံ့ပေးထား တယ်လို့ သိရပါတယ်။ အသစ်ပါ၀င်လာတဲ့ Featureကတော့ သင့်ဖုန်းရဲ့ Libraryထဲမှာ ရှိတဲ့ ဗီဒီယိုတွေကိုပါ Instagramမှာ Shareလုပ်နိုင်ပြီး ICS(Ice Cream Sandwich)ဗားရှင်း Deviceတွေ ဆိုရင် ဗီဒီယိုRecord ပါလုပ်ဆောင် နိုင်မှာ ဖြစ်ပါတယ်။ အခုအခါ Instagramအသုံးပြုတဲ့လူ များပြားလာပြီး ပေါ်ပြူလာလည်း ဖြစ်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် သင်လည်း ခေတ်နောက်မကျရအောင် Instagramသုံးပြီး လူမှုကွန်ရက်ထဲကို စီးမျော ခံစားကြည့်လိုက်ပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *