ပန်းချီ၀င်းတင့်၏ Light & Gold တစ်ကိုယ်တော် ပန်းချီပြပွဲကို လောကနတ်ပန်းချီပြခန်းတွင် စက်တင်ဘာ ၂ရက်မှ ၇ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ “Light & Gold”ပန်းချီပြပွဲမှာ ပန်းချီ၀င်းတင့်၏ လေးကြိမ်မြောက် ပန်းချီပြပွဲဖြစ်ပြီး ရွေတိဂုံ စေတီတော် ပတ်၀န်းကျင်၏ ပုံရိပ်များကို စီးရီးလိုက် ရေးဆွဲပြသထားသည်ဟု ဆိုသည်။
“စေတီဘုရားဆိုတာ မြန်မာနိုင်ငံရဲ့ အမှတ်သငေ်္ကတ တစ်ခုဖြစ်ပါတယ်။ အဲဒီလို အမှတ်သငေ်္ကတထဲက ဘုရားရင်ပြင်ရဲ့ မြင်ကွင်းပုံသဏ္႑ာန်တွေ ကို အရောင်၊ အရိပ်တွေနဲ့ ရေးချင်စိတ်ပေါ်လာတာနဲ့ တစ်ကိုယ်တော်ပြပွဲအတွက် ရေးဖြစ်ခဲ့တာပါ။ ဒီလို ပန်းချီကားတစ်ခုကို ဖန်တီးပြီးနောက်မှာ အလားတူကားမျိုးတွေ ဆက်ဆွဲချင်တဲ့စိတ်တွေ ဖြစ်တာကြောင့်၊ စီးရီးတစ်ခုအနေနဲ့ ဆွဲဖြစ်သွားတာပါ။ အခုပွဲမှာ ပန်းချီးကား စုစုပေါင်း ၁၂ကား ပြသထားပါတယ်”ဟု ပန်းချီ၀င်းတင့်က ပြောပြသည်။
ပန်းချီ၀င်းတင့်သည် ၂၀၀၄ခုနှစ်၊ ၂၀၀၆ခုနှစ်နှင့် ၂၀၁၃ခုနှစ်တို့တွင် တစ်ကိုယ်တော် ပန်းချီပြပွဲများ ပြုလုပ်ခဲ့သည်။ ပန်းချီ ၀င်းတင့်သည် လောကနတ် ပန်းချီပြခန်း၏ အဖွဲ့၀င်တစ်ဦးဖြစ်ပြီး ယခုပြပွဲမှာ လောကနတ်မှ စီစဉ်သည့် ပွဲတစ်ခုဖြစ်သည်ဟု ဆိုသည်။
လောကနတ်ပန်းချီပြခန်းတွင် အဖွဲ့၀င်ပေါင်း ၂၇ဦးရှိပြီး လတစ်လ၏ ပထမဆုံး အပတ်တွင် အဖွဲ့၀င်များ၏ တစ်ကိုယ်တော် ပန်းချီပြပွဲများကို စီစဉ်ပြုလုပ်ပေးလျက်ရှိပြီး နှစ်တစ်နှစ်၏ နောက်ဆုံးလတွင် လောကနတ် အဖွဲ့၀င်များ၏ အုပ်စုပွဲကို ပြုလုပ်လေ့ရှိကြောင်း သိရပါသည်။