ဒီတစ်ခါမှာတော့ မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် “Shazam”ဆိုတဲ့ Appလေးနဲ့ မိတ်ဆက်ပေးလိုက် ပါတယ်။ အဆိုပါ Appဟာ ဖိုင်အရွယ်အစား 3.0MBရှိပြီးတော့ ဒီနေရာမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ အန်းဒရွိုက်OSမှာ သုံးရမှာ ဖြစ်ပြီး “Shazam Entertainment”မှ ထုတ်လုပ်ဖြန့်ချိ တာပါ။ ပြီးခဲ့တဲ့ သြဂုတ် ၃၀ရက်နေ့ကမှ Google Play Storeမှာ ရောက်ရှိခဲ့တာ ဖြစ်ပြီး လူကြိုက်များလျက် ရှိတဲ့ Appတစ်ခုပါ။ ဒီAppမှာ Featureတွေ အနေနဲ့ သီချင်းတွေကို စက္ကန့် ၃၀စာ Previewနားထောင် နိုင်ပြီး သီချင်းရဲ့ စာသားတွေကိုလည်း Streaming Lyricsအဖြစ်နဲ့ တိုက်ရိုက်ကြည့်ရှု နိုင်မှာပါ။ Amazon MP3ကနေလည်း သီချင်းတွေကို အလွယ်တကူ ၀ယ်ယူနိုင်ပြီး YouTubeကနေ MV(Music Video)တွေနဲ့ ကပွဲ တွေကိုလည်း ကြည့်နိုင်မယ်လို့ ဆိုထားပါတယ်။
Tagလုပ်ထားတဲ့ သီချင်းတွေကို ချက်ချင်း နားဆင်နိုင်သလို Facebook, Twitterစတဲ့ လူမှုကွန်ရက်တွေ မှာလည်း Shazamအနေနဲ့ Shareလုပ်နိုင်မှာပါ။ ဒါ့အပြင် သီချင်းအသစ်တွေကိုလည်း ရှာဖွေနိုင်ပြီး သင့်ဖုန်းရဲ့ Home Screenကနေ Shazam Widgetနဲ့ ထိန်းချုပ် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။
https://www.facebook.com/pages/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%99%E1%80%AC%E1%80%B9%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%B8/482334935195862