တောင်ကိုရီးယား အခြေစိုက် LGအီလက်ထရောနစ် ကုမ္ပဏီအနေနဲ့ ၎င်းတို့ရဲ့ လူပြောသူပြော များနေတဲ့ Tabletအသစ် G Pad 8.3ကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ နောက်တစ်ပတ်ကျင်းပမယ့် IFA 2013ပွဲမှာ မိတ်ဆက်ပွဲထုတ် တော့မှာဖြစ်ပါတယ်။ အဆိုပါ G Padဟာ LGရဲ့ G Seriesတွေထဲက အသစ်လွင်ဆုံး ထုတ်ကုန်တစ်မျိုး ဖြစ်သလို အလေးချိန်ကလည်း တစ်ပေါင်ထက် လျော့နည်းမယ်လို့ သိရပါတယ်။ မျက်နှာပြင်အကျယ် ၈.၃လက်မ WUXGA Display(1920×1200 pixels)ဖြစ်ပြီး Qualcomm Snapdragon 600 Chipsetနဲ့ CPUကိုလည်း 1.7GHz Quad-Core Processor အသုံးပြုထားတာ ဖြစ်လို့ အဆင့်မြင့် Tabletတစ်လုံးပဲ ဖြစ်ပါတယ်။ Batteryကိုလည်း 4600mAhနဲ့ 5MPကင်မရာ တပ်ဆင်ထားကာ ရှေ့ကင်မရာကိုလည်း 1.3MPထည့်သွင်း ပေးထားပါတယ်။
ဒါ့အပြင် G Pad Tabletဟာ အန်းဒရွိုက်ဗားရှင်း 4.2.2(Jelly Bean)အသုံးပြု ထားတာဖြစ်ပြီး RAM 2GBနဲ့ အချက်အသက်တွေ ထားသိုဖို့ Storage 16GBထည့်သွင်း ပေးထားပါတယ်။ အဖြူနဲ့ အနက်ဆိုပြီး အရောင် နှစ်မျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ မြောက်အမေရိက၊ ဥရောပ၊ အာရှနဲ့ အခြားအဓိက ဈေးကွက်တွေကို ယခုနှစ် နောက်ဆုံး သုံးလပတ်မှာ ဖြန့်ချိပေးသွားမှာ ဖြစ်ပြီး G Padရဲ့ ဈေးနှုန်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ တရား၀င်မိတ်ဆက် ပွဲထုတ်မယ့်နေ့မှာတော့ ဈေးနှုန်းသိရနိုင်ပြီး LGရဲ့ စောင့်ကြည့်ရမယ့် စိတ်၀င်စားဖွယ် Tabletတစ်လုံးပဲ ဖြစ်ပါတယ်။