Apps

Macအသုံးပြုသူတွေ အတွက် Hotspot Shield

မြန်မာအိုင်စီတီ ပရိသတ်တွေထဲက Mac OS Xအသုံးပြုသူ တွေအတွက် ဖိုင်အရွယ်အစား 1.7MBနဲ့ အခမဲ့ဒေါင်းလုဒ် ရယူနိုင်မယ့် “Hotspot Shield”ဆိုတဲ့ လုံခြုံရေး ဆော့ဖ်၀ဲလ်တစ်ခုကို တင်ဆက်ပေးလိုက် ပါတယ်။ AnchorFreeကနေ ထုတ်လုပ်တာ ဖြစ်ပြီး ဒီနေရာမှာ ဒေါင်းလုဒ်ရယူ နိုင်ပါတယ်။

Hotspot Shieldဟာ သင့်ရဲ့ Laptopကွန်ပျူတာနဲ့ Wireless Routerကြားထဲမှာ VPN(Virtual Private Network)တစ်ခု ဖန်တီးပြီး ၀င်ရောက်စွက်ဖက်သူတွေနဲ့ ဟက်ကာတွေက အီးမေးလ်၀င်ဖတ်တာ၊ ခရက်ဒစ်ကဒ်ရဲ့ Informationတွေကို ယူသွားတာ စတဲ့ကြိုးမဲ့ ကွန်ရက်ကို အသုံးပြုပေးပို့ပြီး မလုံခြုံမှုတွေ မဖြစ်ရလေအောင် ကာကွယ်ပေးပါတယ်။ သင့်ရဲ့ Privacyကိုလည်း လုံခြုံမှုရှိအောင် စီမံပေးမှာ ဖြစ်ပြီး သင့်ကိုလည်း Anonymousအနေနဲ့ ရှိနေစေမှာပါ။ သင့်ရဲ့ ၀က်ဘ်ဆိုဒ်၀င်ရောက် ကြည့်ရှုမှုတွေ၊ အချက်အလက်တွေ၊ အွန်လိုင်းဈေး၀ယ်မှုတွေနဲ့ ကိုယ်ရေးအချက်အလက် တွေကိုလည်း လုံခြုံစေမှာ ဖြစ်ကာ IPလိပ်စာကိုပါ Hideလုပ်ထားပေးမယ် လို့သိရပါတယ်။ အခြားသော ထူးခြားကောင်းမွန်တဲ့ အချက်တွေ များစွာရှိပါသေးတယ်။ ဒါကြောင့်မို့လို့ ကွန်ရက်ချိတ်ဆက် အသုံးပြုသူတွေ ဟက်ကာရန်က ကင်းေ၀းအောင် ဒါလေးကို ဒေါင်းလုဒ်ရယူပြီး သင့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သွင်းထားလိုက်ပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *