UAEနိုင်ငံမှာရှိတဲ့ လူလေးယောက်မှာ သုံးယောက်က စမတ်ဖုန်းတစ်လုံးစီ ပိုင်ဆိုင်ကြပါတယ်။ ဒါကြောင့် အဆိုပါ နိုင်ငံဟာ ကမ္ဘာပေါ်မှာ စမတ်ဖုန်းကိုင်ဆောင် နိုင်တဲ့လူဦးရေ အများဆုံးရှိတဲ့ နိုင်ငံအဖြစ် ရပ်တည်နေခြင်း ဖြစ်ပါတယ်။ “မိုဘိုင်းဖုန်း သိပ်သည်းဆ”လို့ ခေါ်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံမှာ ဘယ်နှယောက် မိုဘိုင်းဖုန်း ကိုင်သလဲဆိုတာကို ၂၀၁၃၊ လေးလပတ်မှာ စစ်တမ်းကောက်ယူ ထားတဲ့Googleရဲ့ “Our Mobile Planet”ဆိုတဲ့ အစီရင်ခံစာကို မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက်ဖော်ပြ ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မိုဘိုင်းဖုန်း သိပ်သည်းဆဟာ လက်ရှိအချိန်ထိ အားနည်းနေဆဲပါ။ ဒါကြောင့် ကမ္ဘာပေါ်က အခြားနိုင်ငံတွေရဲ့ မိုဘိုင်းဖုန်း(စမတ်ဖုန်း) ကိုင်ဆောင်နိုင်မှုတွေကို လေ့လာကြည့်ရင်…
၁။ UAE(United Arab Emirates)- ၇၃.၈%
၂။ တောင်ကိုရီးယား- ၇၃%
၃။ ဆော်ဒီအာရေးဗီးယား- ၇၂.၈%
၄။ စင်္ကာပူ- ၇၁.၇%
၅။ နော်ေ၀- ၆၇.၅%
၆။ သြစတြေးလျ- ၆၄.၆%
၇။ ဆွီဒင်- ၆၂.၉%
၈။ ဟောင်ကောင်- ၆၂.၈%
၉။ UK(အင်္ဂလန်)- ၆၂.၂%
၁၀။ ဒိန်းမတ်- ၅၉%
၁၁။ အိုင်ယာလန်- ၅၇%
၁၂။ အစ္စရေး- ၅၆.၆%
၁၃။ အမေရိကန်- ၅၆.၄%
၁၄။ ကနေဒါ- ၅၆.၄%နဲ့
၁၅။ စပိန်- ၅၅.၄%တို့ပဲ ဖြစ်ပါတယ်။