C Cleanerဆိုတာကို အသုံးမလိုတဲ့ ဖိုင်တွေဖျက်ပေးတဲ့ Softwareတစ်ခု အဖြစ် သိကြမှာပါ။ အခုလည်း C Cleanerဗားရှင်း အသစ်ကို မြန်မာအိုင်စီတီ ပရိသတ်တွေ အသုံးပြုနိုင်အောင် တင်ဆက်ပေးလိုက် ပါတယ်။ C Cleaner 4.05.4250ဖြစ်ပြီးတော့ ဖိုင်အရွယ်အစား 4.2MBရှိကာ Windows XP/Vista/7တွေမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။ C Cleanerဟာ သင့်ရဲ့ ကွန်ပျူတာထဲက အသုံးမလိုတဲ့ ဖိုင်တွေနဲ့ ယာယီဖိုင်တွေကို ဖယ်ရှားပေးပြီး Systemကို ပိုမိုမြန်ဆန်စေတဲ့ အပြင် သင့်စက်ရဲ့ အချက်အလက်ထားသိုမှု နေရာလွတ်လည်း ပိုမိုရရှိအောင် ဖန်တီးပေးတဲ့ Softwareတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုဒ်ရယူ နိုင်ပါတယ်။
Internet Explorerလိုမျိုး အင်တာနက်အသုံးပြုတဲ့ Browserတွေရဲ့ Cache, History, Cookie, Indexစတာတွေ ကိုဖယ်ရှားရှင်းလင်း ပြီးRecycle Bin, ယာယီဖိုင်တွေနဲ့ Logဖိုင်တွေကိုလည်း ရှင်းလင်း ပေးပါတယ်။ မကြာမီက ဖွင့်ထားတဲ့ URLတွေနဲ့ ဖိုင်တွေကို ရှင်းလင်းစေပြီး အခုထွက်ရှိလာတဲ့ ဗားရှင်းအသစ်မှာလည်း ပိုမိုကောင်းမွန်တဲ့ ထူးခြားမှုတွေကို စီစဉ်ပေးထား ပါတယ်။