Photoshopကို ဘာအတွက် သုံးတာလဲဆိုတာပေါ်မှာ မူတည်ပြီးတော့ Photoshopအစားထိုး Appတွေ များစွာကို ရွေးချယ် သုံးစွဲနိုင်ပါတယ်။ အခု မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက်လည်း Mac OSမှာ Runလို့ ရတဲ့ Photoshopအစားထိုး Appလေးတွေကို ရွေးချယ် တင်ဆက်ပေးလိုက် ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာသာ Adobe Photoshop Softwareတွေကို အလွယ်တကူ ၀ယ်ယူသုံးစွဲ နိုင်ကြပေမယ့် နိုင်ငံခြားမှာက ဆော့ဖ်၀ဲလ်တွေကို ဈေးကြီးပေး ၀ယ်ရတာ ဖြစ်ပါတယ်။ အခုတင်ဆက် ပေးလိုက်တဲ့ Appတွေဟာ Photoshopထက် ကောင်းတဲ့ Optionတွေတောင် ရှိနိုင်ပါသေးတယ်။
၁။ နံပါတ်တစ်ကတော့ GIMPဆိုတဲ့ Open Source Appပဲ ဖြစ်ပါတယ်။ ဒီ Appဟာ အသုံးပြုသူများစွာ ရှိတဲ့အတွက် Featureများစွာကိုလည်း ထောက်ပံ့ပေးထားပြီး Photoshopနဲ့ ကွဲပြားခြားနားတဲ့ Interfaceလည်း ရှိပါတယ်။ တကယ်လို့ Photoshopကိုပဲ အသုံးပြုနေကျဖြစ်ပြီး ဒီAppကို စမ်းသုံးချင်တယ် ဆိုရင်တော့ Photoshop Interfaceနဲ့ ဆင်တူအောင် ဖန်တီးပေးထားတဲ့ Gimshopကို ဒီနေရာမှာ ရယူနိုင်ပါတယ်။ ဒါမှမဟုတ် မူရင်း Gimpကိုပဲ Mac OSမှာ အသုံးပြုချင်ရင် ဒီနေရာမှာ အခမဲ့ ဒေါင်းလုဒ် ရယူသုံးစွဲ နိုင်ပါတယ်။
၂။ နောက်တစ်ခုကတော့ Pixelmatorဖြစ်ပါတယ်။ အဆိုပါ Appဟာ ပေါ်ထွက်လာတာ သိပ်မကြာသေးပေမယ့် ၎င်းရဲ့ လှပတဲ့ ဒီဇိုင်းနဲ့ Featureတွေ အများကြီး ပါ၀င်နေခြင်းဟာ ဆွဲဆောင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့တဲ့ 1.1ဗားရှင်းမှာ ဆိုရင်လည်း “Tablet-Based Pressure Sensitivity”ကို ထောက်ပံ့ပေးထား ပါတယ်။ ဒါ့အပြင် Active Forums, ၎င်းတို့ရဲ့ Productအတွက် Manualနဲ့ အသုံးပြုရ လျင်မြန်သွက်လက် တာကိုလည်း တွေ့ရမှာပါ။ အသုံးပြုချင်ရင်တော့ ဒီနေရာမှာ ရရှိနိုင်ပါတယ်။
၃။ နံပါတ်သုံး ကတော့ PhotoLineဆိုတဲ့ Featureတွေ အများကြီး ပါ၀င်ပြီး မြန်ဆန်သွက်လက်ကာ တည်ငြိမ်စွာနဲ့ အသုံးပြုနိုင်မယ့် စီးပွားရေးလုပ်ငန်းသုံး ဒီဇိုင်းAppတစ်ခုပဲ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ Websiteနဲ့ ပတ်သက်ပြီး ေ၀ဖန်ပြောဆိုမှု အနည်းငယ်ရှိပေမယ့် PhotoLine Appကတော့ တကယ်ကို ကောင်းမွန်တဲ့ Softwareအဖြစ် အဆင့်သတ်မှတ်ခံထားရပြီး Trialဗားရှင်းကို ဒီနေရာမှာ စမ်းသပ်ရယူသုံးစွဲ နိုင်ပါတယ်။
၄။ နောက်ထပ်တင်ဆက် ပေးချင်တဲ့ Pixel Image Editorကတော့ “Lone Developer Application”လို့ နာမည်ပေးထားပြီး Mr.Pavel Kanzelsbergerဆိုတဲ့ ပုဂ္ဂိုလ်က လွန်ခဲ့တဲ့ရှစ်နှစ်ကနေစပြီး သူ့ရဲ့ အချိန်ပိုလေးတွေမှာ ဒီAppကို ဖန်တီးရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ Appကို တစ်ယောက်တည်း ရေးဆွဲတယ်ဆိုတော့ ဒါဟာ ထူးခြားတဲ့အချက်ပါပဲ။ တစ်ခါတစ်လေလည်း ဒီလို တစ်ယောက်တည်းဖန်တီးတဲ့ Appတွေဟာ ကောင်းမွန်နေတတ်ပါတယ်။ Toolsတွေ၊ Layersတွေ၊ Effectsတွေ များစွာနဲ့ ကောင်းမွန်တဲ့ Appတစ်ခု ဖြစ်ပြီး “Lone Developer App”လေးကို သုံးစွဲချင်ရင်တော့ဒီနေရာမှာ ရယူနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖွင့်ကြည့်တာတော့ အဆိုပါ Linkဟာ မရှိတော့ဘူးလို့ သိရပါတယ်။
အခြား အစားထိုး Appများ
Acorn: A Lighter Image Editorဆိုတဲ့ Softwareဟာ Photoshopလောက်တော့ မကောင်းပေမယ့် ပုံရဲ့ အလင်းအမှောင်တွေကို ချိန်ညှိတဲ့ နေရာမှာ အသုံး၀င်တဲ့ Appတစ်ခုပါ။ ရယူချင်ရင်တော့ Trialဗားရှင်းကို ဒီနေရာမှာ ရယူနိုင်ပါတယ်။
နောက်တစ်ခုကတော့ Irisဆိုတဲ့ Single Window Editorပါ။ အသုံးပြုလိုသူတွေ Iris Betaဗားရှင်းကို ဒီနေရာမှာ ရယူသုံးစွဲ နိုင်ပါတယ်။
လုပ်ငန်းလိုအပ်ချက်အရ Photoshop Alternativeတွေ
လုပ်ငန်းမှာ သီးခြားလိုအပ်ချက် တွေအတွက်ဆိုရင် အခြား Appတွေ ရှိပါသေးတယ်။ ဒါပေမယ့် Photoshopကတော့ Website Layoutတွေ ဆွဲတဲ့နေရာမှာ ဦးဆောင်နေဆဲပါ။ ဒီဇိုင်းတွေ ထုတ်လုပ်ဖို့ အတွက် အဓိက Alternativeတစ်ခုကတော့ Adobeရဲ့ Fireworkဖြစ်ပါတယ်။ အဆိုပါ Fireworkရဲ့ Trialဗားရှင်းကိုလည်း ဒီနေရာမှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။
Industry-Specificနဲ့ ပတ်သက်ပြီး နောက်ထပ်ကောင်းမွန်တဲ့ Toolတစ်ခုကတော့ Cinepaintဖြစ်ပါတယ်။ အဆိုပါ Appကတော့ Open Sourceဖြစ်ပြီး ရုပ်ရှင်တွေအတွက် ပုံတွေဖန်တီး ထည့်သွင်းတဲ့နေရာမှာ အသုံးပြုကြပါတယ်။ အချို့နာမည်ကြီး စတူဒီယိုကြီးတွေတောင် ၎င်းတို့အလုပ်လုပ်တဲ့အခါ အဆိုပါ Appကို အသုံးပြုတယ်လို့ သိရပါတယ်။ ရယူချင်ရင်တော့ ဒီနေရာမှာ ရယူနိုင်ပါတယ်။
နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ Appတစ်ခုကတော့ လုပ်ဆောင်ချက်တွေကို ကောင်းစွာ ကိုင်တွယ်နိုင်ပြီး မြန်ဆန်သွက်လက်စွာ သုံးလို့ရမယ့် ImageWell ဆိုတဲ့ Appဖြစ်ပါတယ်။ ပုံဖြတ်ချင်ရင်၊ ပုံရဲ့ အရည်အသွေးကို လိုသလို ချိန်ညှိချင်ရင် အဆိုပါပုံကို Flickr သို့သာ တိုက်ရိုက်ပို့လိုက်ပါ။ ဒီ Appဟာ သင့်အတွက် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။
Photoshop Elementsဆိုတဲ့ Appကတော့ အကျဉ်းချုံးထားတဲ့ Photoshopဗားရှင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ပုံတွေကို ပုံမှန်ပြင်ဆင်တဲ့ လုပ်ငန်းမျိုးလောက်သာ လုပ်ဆောင်နိုင်ပြီး လေ့လာသုံးစွဲ ချင်ရင်တော့ ဒီနေရာမှာ ရယူနိုင်ပါတယ်။
နိဂုံးချုပ်
သင်ဟာ Photoshopကို သုံးစွဲနိုင်တဲ့၊ သုံးစွဲနေတဲ့ လူတစ်ယောက်ဆိုရင် အဆိုပါ Softwareဟာ သင့်ရဲ့ လိုအပ်ချက်တွေ တော်တော်များများကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ သိရမှာပါ။ တကယ်လို့ အဲဒီ Softwareတွေကို ၀ယ်မသုံးချင်ဘူးဆိုရင်လည်း Open Sourceပေးထားတဲ့ Software အသစ်တွေကို စမ်းသပ်သုံးစွဲပြီး လေ့လာသုံးသပ် နိုင်ပါတယ်။
မြန်မာအိုင်စီတီ ပရိသတ်ကြီးထဲမှာလည်း အထက်ကဖော်ပြခဲ့တဲ့ Applicationတွေကို သုံးနေတဲ့၊ သုံးဖူးတဲ့ လူတွေရှိရင် ထင်မြင်ချက်တွေ ပေးသွားနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ Photoshopအစားထိုး သုံးလို့ရမယ့် ရင်းမြစ်တွေကို စုဆောင်းပေးသွားမှာ ဖြစ်ပြီး အခု ဖော်ပြပေးခဲ့တဲ့ Appတွေဟာလည်း OSတော်တော်များများမှာ Runလို့ရတဲ့ Appတွေဖြစ်ပါတယ်။ Mac OS X, Linux OS, Windows, Ubuntuစတဲ့ OSတွေမှာလည်း ဒီAppတွေကို စမ်းသပ်သုံးစွဲ ကြည့်ပြီးတော့ သင်တို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည် ေ၀မျှပါဦး။