News

အမြန်ဆုံးဆိုတဲ့ ကွန်နရှင်တွေ

မြန်မာနိုင်ငံမှာတော့ အင်တာနက်ကွန်နရှင်တွေဟာ သိကြတဲ့အတိုင်းပါပဲ။ ဒါပေမယ့် နိုင်ငံတကာမှာတော့ အင်တာနက် အမြန်နှုန်းတွေကို သူ့ထက်ငါ အလုအယက် လျင်မြန်အောင် လုပ်ဆောင်နေကြတဲ့ အချိန်မှာ ဘယ်နိုင်ငံက ဘယ်အဆင့်မှာ ရပ်တည်နေတယ် ဆိုတာကို အိုင်စီတီ ပရိသတ်ကြီးအတွက် ဗဟုသုတအလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးထင်ထားတဲ့ အမေရိကားကတော့ အင်တာနက် အမြန်နှုန်း 8.6 Mbpsနဲ့ နံပါတ်ကိုးနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးတွေထဲက အင်တာနက်အမြန်ဆုံး နိုင်ငံတွေကတော့

၁။ တောင်ကိုရီးယား 14.2 Mbps
၂။ ဂျပန် 11.7 Mbps
၃။ ဟောင်ကောင် 10.9 Mbps
၄။ ဆွစ်ဇာလန် 10.1 Mbps
၅။ နယ်သာလန် 9.9 Mbps
၆။ လက်ဗီးယား 9.8 Mbps
၇။ ချက် 9.6 Mbps
၈။ ဆွီဒင် 8.9 Mbps
၉။ အမေရိကန် 8.6 Mbpsနဲ့
၁၀။ ဒိန်းမတ် 8.2 Mbps  တို့ပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *