ဒီတစ်ခါမှာတော့ မြန်မာအိုင်စီတီ ပရိသတ်တွေကို Motorola Droid Ultraဆိုတဲ့ ပါးပါးလျလျ စမတ်ဖုန်းလေး တစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကြေညာခဲ့တာ ဖြစ်ပြီး မကြာခင်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတော့မယ့် စမတ်ဖုန်းလှလှလေး တစ်လုံးလည်း ဖြစ်ပါတယ်။ GSMသာမက CDMA 800MHzနဲ့ 4G LTEစနစ်တွေ အထိပါ သုံးနိုင်တာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အံကိုက်ပါပဲ။ မျက်နှာပြင်အကျယ် ငါးလက်မရှိကာ အလေးချိန် ၁၃၇ဂရမ်နဲ့ Super AMOLED Capactive Touchscreenကို တပ်ဆင်အသုံးပြုထား ပါတယ်။ SIMကဒ်ကိုတော့ Nano-SIMအသုံးပြု ရမှာဖြစ်ပြီး Resolutionအနေနဲ့ 720×1280 pixelsရှိပါတယ်။
အချက်အလက်တွေ သိုလှောင်ဖို့ ဖုန်းတွင်းမှတ်ဉာဏ် 16GBပါ၀င်ပြီး ထပ်မံတိုးချဲ့ဖို့ Card Slotတော့ မပါ၀င်ပါဘူး။ RAMကိုလည်း 2GBတပ်ဆင် ပေးထားပြီး Dataတွေ ကူးပြောင်းဖို့ အတွက်လည်း GPRS, EDGEစနစ်တွေ သာမက Wi-Fiကိုလည်း အခုနောက်ဆုံးထွက် ဗားရှင်းတွေ ဖြစ်တဲ့ 802.11 a/b/g/n/ac စတာတွေ အကုန်ပြည့်ပြည့်စုံစုံ ချိတ်ဆက်အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ Bluetoothဗားရှင်း 4.0, microUSB v2.0တို့ သာမက NFC(Near Field Communication) စနစ်လည်း ထည့်သွင်းထားပါတယ်။
ဖုန်းမှာ တပ်ဆင်ထားတဲ့ ကင်မရာဟာလည်း 10MPအရည်အသွေး ရှိပြီး ကင်မရာရဲ့ Featureတွေ အနေနဲ့ AutoFocus, TouchFocus, LED Flash, Geo-Tagging, Face Detection စတာတွေ ပါ၀င်ပါတယ်။ ဗီဒီယိုတွေကိုလည်း 1080p@30fpsရုပ်ထွက် အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ကင်မရာကိုတော့ 2MP တပ်ဆင်ပေးထားပါတယ်။
အဆိုပါဖုန်းမှာ အသုံးပြုမောင်းနှင်မယ့် OSကတော့ အခုနောက်ဆုံးထွက် အန်းဒရွိုက်ဗားရှင်းဖြစ်တဲ့ Android v 4.2.2(Jelly Bean)ပဲ ဖြစ်ပါတယ်။ CPUဟာလည်း Dual-Core 1.7 GHz Kraitဖြစ်လို့ ဖုန်းရဲ့လုပ်ဆောင်ချက်နဲ့ အင်တာနက်သုံးတာ တွေကို လျင်မြန် လွယ်ကူစေမှာပါ။ ဖုန်းမှာတပ်ဆင်ထားတဲ့ Chipsetကတော့ Qualcomm Snapdragon S4Proဖြစ်ပြီး ဖုန်းရဲ့ ရုပ်ထွက် အတွက်ကိုတော့ Adreno 320ဂရပ်ဖစ် ထည့်သွင်း တပ်ဆင်ထားပါတယ်။ ဖုန်းမှာ ရေဒီယိုတော့ Defaultအနေနဲ့ ပါ၀င်လာခြင်း မရှိပါဘူး။ Browserအနေနဲ့တော့ HTML5 Browserကို သုံးထားတာ ဖြစ်ပါတယ်။
ဖုန်းကို ခိုင်းစေတဲ့နေရာမှာ ဖုန်းရဲ့အလိုလျောက် သိရှိနိုင်မှု စနစ်တွေ အတွက် Sensorစနစ်တွေကိုလည်း ပြည့်ပြည့်စုံစုံထည့်သွင်း ပေးထားတာတွေ့ရမှာပါ။ ဖုန်းရဲ့ Screenကို အလိုလျောက် လှည့်ပေးနိုင်မယ့် Accelerometer, ဖုန်းရဲ့ တိမ်းစောင်းမှုကို အသေးစိတ် တွက်ချက်ပေးမယ့် Gyro Sensor, ဖုန်းပြောနေချိန် Screenကို အလိုလျောက် ပိတ်ပေးထားမယ့် Proximity Sensor, တည်နေရာထောင့်တွေ တွက်ချက်ပေးမယ့် Compass Sensorစတာတွေနဲ့ သင့်ရဲ့ ဖုန်းအသုံးပြုမှုကို ပြီးပြည့်စုံစေမှာ ဖြစ်ပါတယ်။ Li-ion 2130 mAh Batteryကို တပ်ဆင်ပေးထားပြီး Stand-By 312Hoursနဲ့ Talking Time 28Hoursအသုံးပြု နိုင်မှာပါ။