News

တောင်ကိုရီးယားက လျှပ်စစ်ကား

တောင်ကိုရီးယားရှိ KAISTတက္ကသိုလ်မှ Green Transportation စီမံကိန်းအတွက် အလွယ်တကူ ခေါက်သိမ်းနိုင်တယ် ဆိုတဲ့ နှစ်ယောက်စီး လျှပ်စစ်ကားလေးတစ်စီးကို မိတ်ဆက်ပြသခဲ့ပါတယ်။ “Armadillo-T”လို့ နာမည်ပေးထားပြီး ယာဉ်မောင်းနဲ့ စီးနင်းသူတို့ မရှိတဲ့အချိန် (ကားရပ်ထားတဲ့အချိန်)မှာ ယာဉ်ကို ခေါက်သိမ်းထားနိုင်မှာလည်း ဖြစ်ပါတယ်။ အာရှရဲ့ တစ်နေ့တစ်ခြား ကျပ်တည်းလာတဲ့ မြို့တွင်းကားလမ်းတွေ အတွက် နေရာကောင်းစွာ ဖန်တီးပေးနိုင်မယ့် လျှပ်စစ်ယာဉ်ငယ်လေးပဲ ဖြစ်ပါတယ်။

ကားဟာ အတော်ပင် သေးငယ်ပြီး ၁၁၀လက်မ (၂.၈မီတာ) သာအရှည် ရှိပါတယ်။ ကားကိုခေါက်သိမ်း လိုက်တဲ့အခါမှာတော့ ၆.၅လက်မ (၁.၆မီတာ) အရှည်သာ ရှိပါတော့တယ်။ အရှေ့တောင်အာရှ နိုင်ငံတွေက Vehiclesအများစုဟာ ဆိုင်ကယ်တွေ သို့မဟုတ် ရွှေ့ပြောင်းနိုင်တဲ့ ယာဉ်အသေးစားလေးတွေ သာဖြစ်တာကြောင့် ဒီယာဉ်လေးဟာလည်း သင့်ကို တစ်မျိုးဆန်းစေမှာပါ။ Golfကွင်းတွေမှာ မောင်းတဲ့ ကားလေးတွေနဲ့ ပုံစံချင်း ဆင်တူပေမယ့် အဆိုပါ ယာဉ်ငယ်လေးရဲ့ စွမ်းဆောင်ရည်တွေကတော့ အံ့မခန်းပါပဲ။

ကားမှာ အသုံးပြုထားတဲ့ Batterကို ၁၀မိနစ် အားသွင်းရုံနဲ့ တစ်နာရီလျှင် ၃၇မိုင် အမြန်ဆုံးနှုန်းနဲ့ ၆၂မိုင် အကွာအေ၀းထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ မိတ်ဆက်ပြသခဲ့ပေမယ့် အဆိုပါ ကားဟာ KAISTတက္ကသိုလ်ရဲ့ သုတေသနပြုနေဆဲ အဆင့်သာ ရှိပါသေးတယ်။ ကားကိုလည်းအေ၀းကနေ ထိန်းချုပ်နိုင်တဲ့ စနစ်တွေပါ၀င်ပြီး ဈေးကွက်အတွင်းကို ၀င်ရောက်လာရင်တော့ စိတ်၀င်စားဖွယ် စောင့်ကြည့်ရမယ့် လျှပ်စစ်ကားတစ်စီးပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *