Apps

iTunes ဗားရှင်းအသစ် 11.0.5 အခမဲ့ ရယူနိုင်ပြီ

iTunesအသုံးပြုသူတွေ အတွက် Windows XP, 7, 8တွေမှာ Runဖို့ iTunesဗားရှင်းအသစ် ဖြစ်တဲ့ iTunes 11.0.5ကို ဒေါင်းလုဒ်ရယူနိုင်ပြီလို့ သိရှိရပါတယ်။ မနေ့(၁၉ရက်နေ့)ကမှ Updateလုပ်ခဲ့တာ ဖြစ်ပြီး 85MBအရွယ်အစား ရှိပါတယ်။ Windowsတွေအတွက် 32-bit, 64-bitနှစ်မျိုးလုံးမှာ Downloadရယူနိုင်ပြီး Featuresအသစ်တွေ အများကြီးပါ၀င်ပြီး ပြန်လည် ဒီဇိုင်းပြင်ဆင်ထားတဲ့ Store, iCloudနဲ့ Playerတို့ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် MiniPlayerအသစ်၊ Songs Viewအသစ်နဲ့ Multi-Disc Albums ဆိုတဲ့ သီချင်းခွေအများကြီးကို တစ်စုတစ်စည်းတည်း ဖန်တီးပေးပြီး Sortingတွေ၊ Searchingတွေ ပိုမိုလွယ်ကူစေမယ့် Performanceတွေလည်း ပါ၀င်လာပါတယ်။ အသုံးပြုလိုသူများ ဒီနေရာ မှာရယူနိုင်ပါတယ်။

iTunes 11မှာ Defaultပါ၀င်ခဲ့တဲ့ Devicesနဲ့ Categoryတွေကို ပြတဲ့ Sidebarကို ဖယ်ရှားခဲ့ပြီး ဒီဗားရှင်းအသစ်မှာ အဆိုပါ Sidebarကို ကြည့်ချင်ရင် Top Menuရဲ့ Viewထဲက “Show Sidebar”ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Windowsတွေမှာ ဆိုရင်တော့ Keyboard Shortcutအနေနဲ့ Ctrl+Sကို နှိပ်ပြီး Sidebarခေါ်ယူနိုင်သလို OS Xတွေမှာ ဆိုရင်တော့ Option+Shift+S ဖြစ်ပါတယ်။ သင့် iPhoneကို System Resotreလုပ်တဲ့အခါမှာ နောက်ဆုံးထွက် ဗားရှင်း iTunes ရှိထားဖို့လိုအပ်ပြီး အခု ဗားရှင်းအသစ်ဟာလည်း Apple Productတွေရဲ့ ထုံးစံအတိုင်းပဲ အလွန်တရာကောင်းမွန် သေသပ်တဲ့ ဒီဇိုင်းတွေ၊ Featureတွေနဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအိုင်စီတီ ပရိသတ်ကြီးက နောက်ဆုံးထွက် iTunesကို အခုပဲ ဒေါင်းလုဒ်ရယူ သုံးစွဲလိုက်ကြပါတော့ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *