News

ဝါသနာကို မတားနဲ့ရှင်

အမေရိကန် ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၌ တရားမဝင် ကြက်ပွဲများ ပြုလုပ်မှုဖြင့် လူပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာတွင် အဖမ်းခံရသူများအထဲ၌ ရိုမေးနီးယား မင်းသမီးတစ်ပါးနှင့် ကြင်ယာတော်တို့လည်း ပါဝင်နေကြောင်း သြဂုတ်လ ၁၇ရက်နေ့ သတင်းများ၌ ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အသက် ၆၀အရွယ်ရှိ ရိုမေးနီးယား မင်းသမီးအာရီနာဝါကာနှင့် ကြင်ယာတော် ဂျွန်ဝက်စလေဝါကာတို့ကို ၎င်းတို့ ပိုင်ဆိုင်သည့် စိုက်ပျိုးရေးခြံအတွင်း တရားမဝင် ကြက်ပွဲနှင့် ဖဲဝိုင်းများ လက်ခံကျင်းပခွင့်ပေးမှုဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။

၂၀၁၂ခုနှစ်၊ ဧပြီလမှ ၂၀၁၃ခုနှစ် ဧပြီလအကြားကာလအတွင်း တရားမဝင် ကြက်ပွဲ ၁၀ပွဲကို အာရီနာဝါကာ၏ ခြံအတွင်း ကျင်းပခဲ့ကြောင်း၊ တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်ဟု သိရသည်။ တရားမဝင် ကြက်ဝိုင်းနှင့် ဖဲဝိုင်းများ စီစဉ် ကျင်းပမှုများဖြင့် တရားစွဲဆိုခံထားရသော ရိုမေးနီးယားမင်းသမီးနှင့် ကြင်ယာတော်တို့သည် ပြစ်မှုထင်ရှားပါက အမေရိကန်၏ တရားဥပဒေများအရ ထောင်ဒဏ် ငါးနှစ်နှင့် ဒဏ်ငွေ ဒေါ်လာ ၂၅၀,၀၀၀ပေးဆောင်ရန် ပြစ်ဒဏ်ကျခံရဖွယ် ရှိနေသည်။

သတင်းမီဒီယာများ၏ အဆိုအရ အာရီနာဝါကာသည် ပြည်ပြေးတစ်ဦးအဖြစ် အမေရိကန် ပြည်ထောင်စု၌ အခြေစိုက်ခဲ့ရသော ရိုမေးနီးယား နောက်ဆုံးဧကရာဇ်၏ သမီးတော်ဖြစ်သည်ဟု ဆိုပါသည်။ နန်းကျဘုရင်၏ သမီးတော်ဖြစ်နေသည့်အတွက် ရပေါက်ရလမ်းတွေရှာပြီး လုပ်ရသည် ထင်ပါသည်။ ဒါ့အပြင် ဝါသနာကို မတားနဲ့ရှင်ဟု ဆိုသည့်အတိုင်း ကိုယ်တိုင်လည်း ဝါသနာကို မစွန့်လွှတ်နိုင်သည့်အတွက် ဖြစ်ပါလိမ့်မည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *