Mobile

Samsungရဲ့ ဒေါ်လာ ၁၃၀၀ကျော်တန် Ativ Book 9 Plus

Samsungကတော့ အသစ်ထွက်ရှိလာတဲ့ ၎င်းရဲ့Windows 8 Ultrabookနဲ့ Appleကို ယှဉ်ပြိုင်လိုက်ပြန် ပါပြီ။ “Ativ Book 9 Plus”လို့ နာမည်ပေးထားပြီး ကြိုတင်မှာယူနိုင်တဲ့ သြဂုတ် ၁၈ရက်နေ့အထိ ၁၃၉၉.၉၉ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဈေးနှုန်းကတော့ တတ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေပါတယ်။ ဒါပေမယ့် Samsungက ထုတ်လုပ်လိုက်တဲ့ အဆိုပါ Ultrabookဟာ ဒီနှစ်ထဲမှာ ထွက်ရှိခဲ့သမျှထဲက အကောင်းဆုံးတစ်ခု ဖြစ်နေပါတယ်။ အံ့အားသင့်ဖွယ်ရာ 13.3inches Displayမှာ 3,200×1,800 Resolutionနဲ့ Touch Screenဖြစ်ပါတယ်။ အလူမီနီယံ ကိုယ်ထည်နဲ့ 0.54inchesအထူသာ ရှိပါတယ်။

ကုမ္ပဏီရဲ့ ပြီးခဲ့တဲ့ဇွန်လက အဆိုပါLaptopကို မိတ်ဆက်ခဲ့တဲ့ ပွဲမှာတော့ ၁၂နာရီခံတဲ့ Batteryအကောင်းစားကို အသုံးပြုပြီး သူ့ထက် Resolutionနည်းတဲ့ MacBook Airကို အဓိကယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ ကတိပြုပြောကြား ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ထွက်ရှိလာတဲ့အခါမှာတော့ Batteryသက်တမ်း ၇နာရီခွဲသာခံပြီး ကြိုတင်ခန့်မှန်းထားတဲ့ အထင်ကြီးမှုတွေကို လျော့ကျစေခဲ့ပါတယ်။ ၎င်းရဲ့ ၀က်ဘ်ဆိုဒ်မှာတော့ Batteryသက်တမ်း ၁၁နာရီခံတယ်လို့လည်း ဆိုထားပြန်ပါတယ်။ ဘာတွေ ပြောင်းလဲသွားတယ် ဆိုတာ သိပ်မရှင်းလင်းပေမယ့် Samsungနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ မြန်မာအိုင်စီတီ ပရိသတ်ကြီးကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒေါ်လာ ၁၃၉၉.၉၉လို့ သတ်မှတ်ထားတဲ့ Samsung Ultra Book “Ativ Book 9” ဟာ မြင်ကွင်းအကျယ် ၁၃လက်မနဲ့ Retina Displayပါတဲ့ MacBook Proထက်စာရင်တော့ ဒေါ်လာ ၁၀၀သက်သာနေပါတယ်။ နှစ်မျိုးလုံးမှာ 128GB Flash Storageပါ၀င်ပေမယ့် Ultra Bookကတော့ Macမှာပါတဲ့ RAMရဲ့ တစ်၀က် (4GB)သာ ပါ၀င်လာပါတယ်။ Samsungဟာ Intelမှ ထုတ်တဲ့ Ultra-Low Voltage Haswell Processorကို သုံးထားပြီး Mac Proရဲ့ Standard Voltage Chipထက်သာတဲ့ MacBook Airရဲ့ CPUနဲ့တောင် ယှဉ်နိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ Processorမှာ Intelရဲ့ Weaker Integrated HD Graphics 4400ပါ၀င်ပြီးတော့ MacBook Airမှာတော့ HD Graphics 5000ပါ၀င် ပါတယ်။ ဒါ့အပြင် Ativ Book 9 Plusဟာ စဖွင့်တဲ့ဈေးနှုန်းမှာ Airထက် ဒေါ်လာသုံးရာ ပိုများနေခဲ့တာဟာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။

ကိုရီးယားကုမ္ပဏီ Samsungဟာ Ativ Tab 3လို့ နာမည်ပေးထားတဲ့ မြင်ကွင်းအကျယ် 10.1inchesရှိ Windows 8သုံး Tabletကိုလည်း စက်တင်ဘာ ၁ရက်နေ့မှာ ဒေါ်လာ ၇၀၀နဲ့ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ဈေးနှုန်းဖြင့် Coverလိုရော၊ Standတစ်ခုလိုပါ အသုံး၀င်တဲ့ Bluetooth Keyboardလည်း ပါ၀င်မှာ ဖြစ်ပါတယ်။ Resolution 1366×768နဲ့ Touchscreen ဖြစ်ပြီး RAM 2GB, SSD 64GBနဲ့ 1.8GHz Intel Atom Processorတပ်ဆင် ထားပါတယ်။ ဒါ့အပြင် အဆိုပါ Tabletမှာ Samsungရဲ့ နာမည်ကျော်ကြား လူသိများတဲ့ S-Penလည်း ပါ၀င်ပါသတဲ့ ခင်ဗျာ။ တောင်ကိုရီးယား အခြေစိုက် Samsungကုမ္ပဏီကတော့ နည်းပညာဘက်မှာ ခြေလှမ်းသွက်သွက်နဲ့ ပြိုင်ဘက်တွေကို လွှမ်းမိုးအနိုင်ယူဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *