ပြီးခဲ့တဲ့ကြာသပတေးနေ့က အမေရိကန်သမ္မတအိုဘားမားဟာ Apple CEO Tim Cook အပါအ၀င် Google, AT&T အစရှိတဲ့ ကုမ္ပဏီကြီးတွေရဲ့ နည်းပညာအရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြောင်း Politicoသတင်းဋ္ဌာနအရ သိရပါတယ်။ Civil လေဘာတီခေါင်းဆောင်တွေဟာ တံခါးပိတ်စည်းေ၀းခဲ့ကြပြီး အိမ်ဖြူတော်အနေနဲ့ အဆိုပါအစည်းအေ၀းအတွက် တိတိကျကျထင်မြင်ချက် တစ်စုံတစ်ရာပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
အစည်းအေ၀းသို့ တက်ရောက်လာ သူတွေဟာလည်း တစ်စုံတစ်ရာပြောကြားဖို့ ငြင်းဆိုခဲ့ပေမယ့် အိမ်ဖြူတော်မှ လက်ထောက်တစ်ဦးကတော့ Politicoကို “ဒါဟာ သမ္မတရဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတဲ့ အစည်းအေ၀းတစ်ခုပါ။ Digitalခေတ်ကြီးထဲမှာ ကျွနု်ပ်တို့ရဲ့ Privacyကို ဘယ်လိုကာကွယ်ရမယ် ဆိုတာတွေ၊ နိုင်ငံရဲ့ လုံခြုံရေးကို ကာကွယ် ဆောင်ရွက်နေတဲ့အခါ Privacyအပေါ် ဘယ်လိုလေးစားမှု ထားရမယ်ဆိုတာတွေ နဲ့ပတ်သက်ပြီး သမ္မတရဲ့မိန့်ခွန်းပြောဖို့ ညွှန်ကြားချက်ကို တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လက PRISM Documentနဲ့ ပတ်သက်ပြီး ပြောကြားချက် တွေအပေါ်မှာလည်း သံသယရှင်းသွားစေခဲ့ပါတယ်။ အဆိုပါ Documentဟာ အမေရိကန်အစိုးရအနေနဲ့ နည်းပညာကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်တွေကို စုံစမ်းထောက်လှမ်းဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
so gerat