Genre – Comedy, Romance
Studio – Brain’s Base
Score – 3.5 out of 5
Animation ဇာတ်လမ်းတွဲသစ် My Teen Romantic Comedy SNAFU ( Japan အမည်- Yahari Ore No Seishun Rabu Kome Wa Machigatteiru)ဟာ ၂၀၁၂ခုနှစ်ကနေ ယခုချိန်အထိ စာအုပ် ၇အုပ်ထွက်ရှိပြီးဖြစ်တဲ့ စာရေးဆရာ Wataru Watariရဲ့ Light Novel Seriesကို မှီငြမ်းထားတဲ့ Anime Series သစ်ဖြစ်ပြီး Baccano!၊ Spice and Wolf နှင့် Durarara!! အစရှိတဲ့ နာမည်ကြီး Seriesများရဲ့ Animation Studio ဖြစ်တဲ့ Brain’s Baseက ရေးဆွဲပေးထားခြင်း ဖြစ်ပါတယ်။ My Teen Romantic Comedyရဲ့ ဇာတ်လမ်းဟာ သူပေးထားတဲ့ ဇာတ်လမ်း အမည်အတိုင်းပဲ အဓိကဇာတ်ကောင် Hachiman Hikigayaရဲ့ ကျောင်းသားဘဝကို အဓိကထား တင်ဆက်ထားတယ် ဆိုပေမယ့် လက်ရှိ ပုံမှန်ထွက်နေတဲ့ ( )တွေလိုမျိုး တစ်ကားနှင့်တစ်ကား အခြေခံဇာတ်လမ်းတွေ ဇာတ်ကောင် ဒီဇိုင်းတွေ ပုံစံကွဲပြားပြီး ပရိသတ် သတိထားမိအောင် အတင်းကြိုးစားတာတွေ မပါဝင်ဘဲ ခပ်ရှင်းရှင်း ဇာတ်လမ်းလေးတွေကိုပဲ တင်ဆက်ပုံ ရိုးရိုးဖြင့် ကြည့်သူကို ဆွဲဆောင်နိုင်အောင် ရေးဆွဲထားပြီး သီးသန့်ထူးခြားမှု ရှိအောင် ကြိုးစားထားခြင်း မရှိတဲ့အချက်ကပဲ My Teen Romantic Comedy SNAFUရဲ့ ထူးခြားချက်တစ်ခုလို့ ပြောလို့ရမှာပါ
Sōbu High School အထက်တန်းကျောင်းရဲ့ ကျောင်းသား တစ်ယောက်ဖြစ်တဲ့ Hachiman Hikigayaဟာ ငယ်စဉ်အခါကတည်းက မိမိပတ်ဝန်းကျင်မှ အခြားကျောင်းသား ကျောင်းသူများနှင့် ပြောဆို ဆက်ဆံရတာ အဆင်မပြေမှုတွေကြောင့် High School Lifeကို စိတ်ကုန်ငြီးငွေ့နေသူ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် Hachimanရဲ့ ကျောင်းသားဘဝအကြောင်း ကိုယ်တိုင် ရေးသားထားတဲ့ Essayကို သူ့ရဲ့အတန်းပိုင် ဆရာမ Shizuka Hiratsukaကို မြင်ပြီးတဲ့ နောက်မှာတော့ Hachimanရဲ့ အဆိုးမြင် စရိုက်ကို ပြင်ဆင်ဖို့ Sōbu High Schoolရဲ့ Student Club တစ်ခုဖြစ်တဲ့ Service Club ကိုခေါ်ဆောင်သွားပုံဖြင့် ဇာတ်လမ်းကို စတင်ထားပါတယ်။ Service Club ဟာ Sōbu High School ကျောင်းသူ ကျောင်းသားများရဲ့ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးဖို့ ဖွဲ့ထားတဲ့ Student Club တစ်ခုဖြစ်ပြီး Service Club အတွင်းသို့ Hachiman မဝင်ရောက်ခင်မှာ ရှိပြီးသားဖြစ်တဲ့ တစ်ဦးတည်းသော အဖွဲ့ဝင်ကတော့ Sōbu High Schoolရဲ့ အချောဆုံး ကျောင်းသူ တစ်ယောက်ဖြစ်သလို အတန်းဖော်များအပေါ် မတူမတန် ဆက်ဆံတဲ့အတွက်ကြောင့် ကျောင်းသူ မိန်းကလေးများရဲ့ မနာလိုဖြစ်ခြင်း ခံရသလို မာနကြီးတဲ့ အတွက်ကြောင့် ကျောင်းသားအများစု အနားမကပ်ရဲတဲ့ Yukino Yukinoshitaပဲ ဖြစ်ပါတယ်။ Hachimanနှင့် Yukinoတို့ဟာ အဖွဲ့အတွင်း ဝင်ရောက်စဉ်မှာ တစ်ယောက်နှင့် တစ်ယောက်အမြင် မတူပေမယ့် အချိန်ကြာလာနှင့်အမျှ သူတို့နှစ်ယောက်လုံးရဲ့ ပတ်ဝန်းကျင်အပေါ်ထားတဲ့ အမြင်တွေ ပြောင်းလဲလာတာကို မြင်တွေ့ရမှာပါ။
My Teen Romantic Comedy ဇာတ်လမ်းအစမှာ Yukinoတို့အနေနှင့် အခြား အားကစား Club အဖွဲ့ဝင်များ၊ ကျောင်းသားသစ်များရဲ့ လိုအပ်ချက်များကို မိမိတို့ အမြင်အတိုင်း နည်းမျိုးစုံသုံးပြီး ဖြေရှင်းပေးရတဲ့ ဇာတ်လမ်းလေးတွေနှင့် မိတ်ဆက်ထားပြီး ကျန်ရှိတဲ့ ဇာတ်ပို့ Supporting Characters တွေဖြစ်တဲ့ Yui ၊ Saika နှင့် Hayato တို့လို ဇာတ်ကောင်တွေကြောင့် ဇာတ်လမ်း ပိုဆွဲဆောင်မှုရှိစေသလို Medaka Boxတို့ Bokuha Tomodachi Ga Sukunaiတို့လို club activites တွေပါဝင်တဲ့ ဇာတ်လမ်းဖြစ်ပေမယ့် Hachimanရဲ့ ပတ်ဝန်းကျင်အပေါ် သရော်တဲ့အမြင်နှင့် Dialogue တွေက ဇာတ်လမ်းကို အဓိက ကွဲပြားစေတာ တွေ့ရပါတယ်။ My Teen Romantic Comedy ဆိုတဲ့ နာမည်အတိုင်း Romanceရော Comedyရော ပါဝင်ပေမယ့် Romance ပိုင်းဆိုရင်လည်း ဇာတ်ကောင်တွေ အများကြီး အတင်းထည့်ထားတာ မဟုတ်ဘဲ ဇာတ်လမ်းနှင့် အလိုက်သင့် တင်ဆက်နိုင်အောင် ရေးဆွဲထားတာ တွေ့ရမှာပါ။ My Teen Romantic Comedy SNAFU ဇာတ်လမ်းဟာ နာမည်ရိုးရှင်းသလို Character Design ပိုင်း၊ ဇာတ်လမ်းပိုင်းမှာ အထူးအဆန်းတွေ ထည့်သွင်းထားခြင်း မရှိပေမယ့် မိမိ ရည်ရွယ်ထားတဲ့ အခြေခံ ဇာတ်လမ်းကိုပဲ အပိုအလိုမရှိ ဇာတ်လမ်း အစအဆုံး ကြည့်ကောင်းအောင် တင်ဆက်ထားနိုင်တဲ့အတွက် ရွေးချယ်စရာ အရမ်းများတဲ့ High School Comedy ဇာတ်လမ်းတွေထဲမှာ ဦးစားပေး ကြည့်သင့်တဲ့ Animation Seriesသစ် တစ်ခုဖြစ်ကြောင်း တွေ့ရပါတယ်။