News

ပထမဆုံး အိုင်တီမောလ် ရန်ကုန်တွင် ဖွင့်လှစ်မည်

IT Mall

ရန်ကုန်တိုင်း ဒေသကြီးတွင် ပထမဆုံး အနေဖြင့် အိုင်တီမောလ်တစ်ခု စတင် တည်ထောင်မည် ဖြစ်ကြောင်း သိရသည်။ အိုင်စီတီနှင့် သက်ဆိုင်သည့် ပစ္စည်းများ တစုတစည်းတည်း ရရှိနိုင်ရန်အတွက် အိုင်တီပစ္စည်းများသာ ဦးစားပေး ရောင်းချသွားရန် ရည်ရွယ်၍ ဖွင့်လှစ်သွားမည် ဖြစ်သည်ဟု ဆိုသည်။

“ရန်ကုန်မှာက အိုင်တီပစ္စည်းတွေ တစုတစည်းတည်း ကြည့်နိုင်၊ ဝယ်နိုင်မယ့် နေရာမရှိသေးဘူး။ အိုင်တီမောလ်မှာက ရန်ကုန်မှာရှိတဲ့ ဆိုင်အစုံနီးပါးလောက် ဖွင့်သွားမှာဆိုတော့ တစ်ခုခုဝယ်တော့မယ်ဆိုရင် တစ်နေရာတည်းမှာပဲ စိတ်ကြိုက်ဝယ်နိုင်မှာ ဖြစ်တယ်”ဟု ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း သိရသည်။ အဆိုပါ အိုင်တီမောလ်အား မကြာမီ တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းအဆောက်အအုံ ဆောက်လုပ်နိုင်ရန်အတွက် မြေနေရာ ရွေးချယ်ခြင်းများ ဆောင်ရွက်နေပြီဖြစ်ကာ သုံးထပ်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဆိပ်ကမ်းသာလမ်းတွင် အိုင်တီဆိုင် ဖွင့်လှစ်ထားသည့် လုပ်ငန်းရှင် ဦးကျော်ဆန်းက “အခုလို အိုင်တီမောလ် ဆောက်လုပ်ပြီး တစ်နေရာတည်းမှာ ဝယ်နိုင်အောင် လုပ်ပေးတာ ကောင်းပါတယ်။ ဈေးတွေကလည်း အရင်ကလောက် မရှိတော့ဘူး။ လုပ်ငန်းရှင်တွေဘက်ဆိုရင်လည်း အခွန်တွေက အစလျှော့ပေါ့လာတဲ့ အပိုင်းတွေ ရှိတော့ ဈေးကွက်ပိုင်း ပိုကောင်းလာတယ်။ ရန်ကုန်မှာ ဒီလိုအရောင်းဆိုင်မျိုးက ရှိသင့်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

Ref: ရန်ကုန်တိုင်းမ်နေ့စဉ်

 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *