UK, London ရှိ Heathrow လေဆိပ်အား ချဲ ့ထွင်ရန်အတွက် အနီးအနားရှိ ရွာအများအပြားအား ရွေှ ့ပြောင်း ရန်အပူတပြင်း လိုအပ်နေကြောင်းသတင်းရရှိသည်။ UK ၏ ပို့ဆောင်ရေးဋ္ဌာနက အင်္ဂလန် အရှေ့တောင်ပိုင်းရှိ ခရီးသွားများသည် တစ်နှစ်ထက် တစ်နှစ် မြင့်တက်လျက်ရှိပြီး ၂၀၃၀ ခုနှစ်တွင် လူဦးရေ သန်းသုံးရာခန့် ရှိလာနိုင်ကြောင်း သုံးသပ်ပြောကြား လိုက်သည်။အာဏာပိုင်တွေအနေဖြင့် အဆိုပါ လေဆိပ်အား ချဲ ့ထွင်မည်လော၊ လေဆိပ်အသစ်တစ်ခု ဆောက်မည်လော စသည်ဖြင့် အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။မည်သို့ပင်ဖြစ်စေ လေဆိပ် အနီးရှိ ရွာများမှာ ရွေှ ့ပြောင်းခြင်း သို့မဟုတ် ဖျက်ခြင်းနှင့် ကြုံရလိမ့်မည်။ အိမ်ခြေပေါင်းများစွာ ဖျက်သိမ်းခံမည်ဖြစ်ပြီး ပေါင်သန်းပေါင်းများစွာလည်း ကုန်ကျမည်ဖြစ်သည်။
အဆိုပါလေဆိပ်နှင့် လေယာဉ်ပြေးလမ်းအတွက် ပေါင် ၁၇သန်း (ဒေါ်လာ ၂၅သန်းခန့်) ကုန်ကျမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် အပြီးသတ်လိမ့်မည်ဖြစ်သည်။ Harmondsworth နှင့် စိန့်မေရီ ဘုရားရှိခိုးကျောင်း၊ Arthur Jacob Nature Reserve, Harvey Park, Country Club စသည့် အထင်ကရနေရာ အများအပြားအနီးတွင် ရှိပြီး လေဆိပ်ကြီးချဲ့ထွင်ကာ လေယာဉ်ပြေးလမ်းတည်ဆောက်မည်ဆိုပါက အနီးအနားရှိ ရွာများ၊ အဆောက်အဦများ ကိုပါ ဆိုးကျိုးများရှိလာမည်ကို စိုးရိမ်နေကြကြောင်းလည်း သိရှိရသည်။
Ref:http://www.businessinsider.com/heathrow-expansion-would-demolish-villages-2013-7