Genre – Comedy, Ecchi
No. of Episodes – 12
Studio – Xebec
Score – 3 out of 5
Haiyore! Nyaruko-san W ဇာတ်လမ်းတွဲသစ်ဟာ 2012က ထွက်ရှိခဲ့တဲ့ Nyaruko-san Animation Seriesရဲ့ တိုက်ရိုက်အဆက်ဖြစ်ပြီး နာမည်ကြီး ဇာတ်လမ်းတွဲတွေဖြစ်တဲ့ To Love Ru, Kanokonနှင့် Rinne No Lagrangeကို ရေးဆွဲခဲ့တဲ့ Studio Xebecကပဲ ဆက်လက် ရေးဆွဲပေးထားတာ ဖြစ်ပါတယ်။။ Haiyore! Nyaruko-san ဇာတ်လမ်းဟာ ၂၀၀၉ခုနှစ်ကတည်းက Light Novel စာအုပ်အဖြစ် အရင်ထွက်ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ Flash Animation Series ဇာတ်လမ်းတွဲ အသေးလေးတွေ ထွက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၂ခုနှစ်မှာ စတင်ပြသခဲ့တဲ့ TV Anime Seriesကြောင့် လူသိပိုများခဲ့ပြီး အားပေးတဲ့ ပရိသတ်ပိုများလာလို့ Season 2 ဖြစ်တဲ့ Haiyore! Nyaruko-san Wကို ၂၀၁၃ခုနှစ်မှာ ဆက်လက် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
Japan Anime Showတွေရဲ့ Ecchiနှင့် Harem ဇာတ်လမ်းတွေမှာ အဓိက ဇာတ်လိုက် မင်းသမီးတွေကို သာမန် လူသားအမျိုးသမီးပုံစံ မဟုတ်ဘဲ အသွင်ဆန်းတွေနှင့် မိတ်ဆက် ပေးလေ့ရှိတဲ့အတိုင်း Ah! My Goddessမှာဆို နတ်သမီး၊ Chobitsမှာဆို စက်ရုပ်၊ Kannagi Crazy Shrine Maiden မှာဆို အပင်စောင့်နတ်၊ Seto No Hanayameမှာဆို ရေသူမ အစရှိသဖြင့် ထူးထူးခြားခြား မိတ်ဆက် ပေးလေ့ရှိပေမယ့် Haiyore! Nyaruko-san ကတော့ အထူးခြားဆုံးထဲမှာ ပါဝင်တယ်လို့ ပြောလို့ရမှာပါ။ Haiyore! Nyaruko-san ဇာတ်လမ်းရဲ့ မင်းသမီး Nyaruko-sanဟာ ၁၉၂၀ခုနှစ်ကျော်က ထွက်ရှိခဲ့တဲ့ အနောက်တိုင်းမှ စာရေးဆရာ H.P.Lovecraft ရဲ့ ထူးဆန်းထွေလာ Weird Tales ပုံပြင်နှင့် ကဗျာတွေထဲက Nyarlathotep ခေါ် Crawling Chaos လို့ဆိုတဲ့ ရေဘဝဲလို ကြောက်စရာသတ္တဝါကြီးက ဆံပင်ငွေရောင်နှင့် ကောင်မလေးအသွင် ပြောင်းလဲထားသူ ဖြစ်တာတွေ့ရပါတယ်။ Nyaruko နှင့်အတူ Season 1မှာ ဆက်လက် မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကောင်တွေဟာဆိုရင်လည်း ကြောက်စရာ အကောင်ဆန်းတွေကနေ လူသားပုံ ဖန်တီးထားတဲ့ ဇာတ်ကောင် အများစုဖြစ်တဲ့ Cthugha (Kuuko)နှင့် Hasturတို့ဟာလည်း Season 2 မှာ ဆက်လက် ပါဝင်လာပါတယ်။
Haiyore! Nyaruko-san ဇာတ်လမ်းဟာ ဟာသဇာတ်လမ်းတစ်ခု ဖြစ်သလို အခြား Animation Series ဇာတ်လမ်းများနှင့် ရုပ်ရှင်များကို သရော်ထားတဲ့ Parody ဇာတ်လမ်း အမျိုးအစားလည်း ဖြစ်ပါတယ်။ Kamen Rider၊ Ultraman၊ Poke’mon၊ Dragon Quest နှင့် Splatterhouse အစရှိတဲ့ ဇာတ်လမ်းများမှ ဇာတ်ဝင်ခန်းများနှင့် Video Gameများကိုလည်း Parody အသွင်ဖြင့် ဇာတ်လမ်းအတွင်း ထည့်သွင်းထားပြီး Season 2မှာ အရင်ကထက်ပိုပြီး Kamen Rider ဇာတ်လမ်းတွေ (အထူးသဖြင့် Kamen Rider Wနှင့် Kamen Rider Wizard )ကို သရော်ထားတဲ့ ဇာတ်ဝင်ခန်းတွေ ပိုပါလာတဲ့အတွက် Tokusatsu Series ဇာတ်လမ်းတွဲတွေ ကြည့်တဲ့ ပရိသတ်က ပိုသဘောကျမှာ ဖြစ်ပါတယ်။ Season 1မှာလို ဇာတ်ကောင်တွေနှင့် သိပ်မိတ်ဆက်ပေးစရာ မလိုတော့လို့ အခု Season 2မှာ Actionပိုင်းနှင့် ဟာသပိုင်းတွေကို ပိုအသားပေးထားတာ တွေ့ရမှာပါ။ Harem ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဇာတ်ကောင်အများစုက Mahiroကို သဘောကျပေမယ့် Nyarukoတို့ရဲ့ မူလရုပ်အမှန်တွေကို မှန်းဆတတ်သလို Cthulhu Mythoကိုလည်း လေ့လာဖူးတဲ့ Mahiroကတော့ Nyarukoတို့ အုပ်စုလက်မှ အမြဲတမ်း ထွက်ပြေးနေရပါတယ်။ Nyarukoတို့ အဖွဲ့အနေနှင့် အခြားကမ္ဘာမှ မျိုးနွယ်စုများနှင့် ရင်ဆိုင် တိုက်ခိုက်ရတဲ့အခါတွေမှာ Animation Quality အနေနှင့့် Studio Xebecရဲ့ ဇာတ်လမ်းတွဲတွေထက် ပိုကောင်းမွန်အောင် ရေးဆွဲထားနိုင်တာ တွေ့ရပါတယ်။
Haiyore! Nyaruko-san W ဇာတ်လမ်း အစပိုင်းနှင့် ပြီးခါနီးမှာ ဇာတ်လမ်းပိုသွက်ပြီး အလယ်ပိုင်းလောက်မှာ Parody အပိုင်း နည်းနည်းလျှော့သွားပြီး ဟာသနှင့် Romanceပိုင်းကို အသားပေးထားတာ တွေ့ရပါတယ်။ Nyaruko ဇာတ်လမ်းကို သူသရော်ထားတဲ့ Parody ဇာတ်ဝင်ခန်း အများစုကို နားလည်ရင် ပိုကြည့်ကောင်းမှာ ဖြစ်ပြီး “http://nyaruref.blogspot.com/“မှာ အခြား ဇာတ်လမ်းနှင့် Video Gameများကို သရော်ထားတဲ့ အခန်းတွေကို ပြန်လည် ရှင်းပြထားတဲ့ အချက်များကို လေ့လာနိုင်ပါတယ်။ Romance နှင့် Comedy Series နှစ်သက်သူတွေလည်း ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်တဲ့ Animation Seriesတစ်ခု ဖြစ်ပါတယ်။