5th Myanmar Mobile Fair ပြပွဲ ပြုလုပ်ရခြင်းမှာ တစ်နေရာတည်းတွင် နာမည်ကြီး ဖုန်း Brand မျိုးစုံကို လေ့လာဝယ်ယူ ရရှိနိုင်စေရန်နှင့် ပြည်တွင်းသို့ အသစ်ဝင်ရောက်လာသော ဖုန်း Brand အသစ်များကို အများပြည်သူများနှင့် မိတ်ဆက်ပေးပြီး လေ့လာနိုင်ရည် ရည်ရွယ်ပါသည်။
ပြပွဲကျင်းပပြုလုပ်မည့် ရက် ။ ။ ဖေဖော်ဝါရီလ၊ ၂၀၁၄ ခုနှစ်၊ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ
ပြပွဲကျင်းပပြုလုပ်မည့် အချိန် ။ ။ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၆ နာရီ
ပြပွဲကျင်းပပြုလုပ်မည့်နေရာ ။ ။ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမ၊ ရန်ကုန်မြို့။
ပြပွဲတွင် ပါဝင်သည့် ကုမ္ပဏီနှင့် ပြခန်းအရေအတွက် ။ ။ ကုမ္ပဏီပေါင်း (၄၀) ကျော်မှ ပြခန်း (၈၉) ခန်း
ပါဝင်ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရပါသည်။
ပြပွဲအတွင်း အစီအစဉ်များမှာ အထူးဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားခြင်း အပြင် အသုံးပြုသူများ၏ ဖုန်း Brand မျိုးစုံတို့၏ အခက်အခဲများကို တစ်နေရာတည်းတွင် ကူညီဖြေရှင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပါသည်။ ထို့အပြင် ပြပွဲတွင် နာမည်ကျော် ဖုန်း Brand မျိုးစုံတို့အား ၃၀% မှ ၇၀% ရာခိုင်နှုန်းအထိ လျှော့ဈေးများဖြင့် ရောင်းချနိုင်ရန်နှင့် အိပ်မက်ဆုံရာမှ အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်ထားကြောင်း သတင်းရရှိပါသည်။