Mobile, News

ကမ္ဘာ့ပထမဆုံး 3K Gaming Notebook ဖြစ်လာတဲ့ MSI GT60

MSI GT60 ဟာ 2880×1620 Resolution or 3K Display ကိုတပ်ဆင်ထားပြီး Resolution အမြင့်မားဆုံး Notebook ဖြစ်လာပါတယ်။ Resolution မြင့်မားရုံသာမက 15.6 လက်မ WQHD Display ကိုတပ်ဆင်ထားလို့ အရောင်နဲ့တောက်ပမှု မှာလည်း ကောင်းမွန်ပါတယ်။

MSI GT60 ရဲ့ အရွယ်အစား ဟာ ၁၅.၆ လက်မဖြစ်ပါတယ်။ အထူက ၂.၂ လက်မဖြစ်ပြီး အလေးချိန် က ၇.၇ ပေါင်ရှိပါတယ်။၀င်းဒိုး ၈ ကို အသုံးပြုလည်ပတ်မောင်းနှင်မှာဖြစ်ပြီး 2.4GHz အမြန်နှုန်းနဲ့လည်ပတ်နိုင်မယ့် Intel Core i7 Processor ကို တပ်ဆင်ထားပါတယ်။ Graphic Card ကို Nvidia GeForce GTX 780M ကို အသုံးပြုထားပြီး RAM ကို 16GB DDR3L 1600MHz RAM ကိုအသုံးပြုထားပါတယ်။ Hard Disk Drive ကို Solid State Drive ဖြစ်တဲ့ 128GB SSD အပြင် Magnetic Drive ဖြစ်တဲ့ 1TB HDD တို့တပ်ဆင်ထားပါတယ်။ ၃.၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ 9 Cell Battery ကို အသုံးပြုထားပါတယ်။

GT60 ကို Workstation Version လည်း ရရှိနိုင်ပြီး External Display သုံးခုနဲ့ တွဲဖက်အလုပ်လုပ်နိုင်ပါတယ်။ Blu-ray Burner Drive တင်ဆင်ထားပြီး Nvidia Quadro K3100M GPU ပါရှိပါတယ်။

MSI GT60 Notebook ကို ဒေါ်လာ ၂၂၀၀ (စတာလင်ပေါင် ၁၃၅၀) နဲ့ ရောင်းချပေးနေပြီး GT60 Workstation Model ကို ဒေါ်လာ ၂၈၀၀ နဲ့ ရောင်းချပေးနေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *