Twitter, Facebook, Instagram, Google+, Flickrစတဲ့ Social Networksတွေမှာ Hashtags(#) ကိုတွင်တွင် ကျယ်ကျယ်အသုံးပြုနေကြပါပြီ။ Hashtagရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တူညီတဲ့ Topicတွေကို တစ်စုတစ်စည်းထဲ ရှာဖွေနိုင်ဖို့ပါ။ ဒါ့အပြင် Brand ,Productsတွေကိုလည်း လူကြိုက်များအောင် Hashtagsကို အသုံးပြုနိုင်ပါသေးတယ်။ ဒီဆောင်းပါးမှာတော့ Social Networks တွေမှာ Hashtags အသုံးပြုနည်းကို ရေးမှာမဟုတ်ပါဘူး။ တစ်ခြား နေရာတွေမှာ Hashtagsကိုအသုံးပြုနိုင်တဲ့ နည်းတွေကို ရေးမှာပါ။
Mobile Messageတွေကို အလွယ်တကူရှာလို့ ရအောင်သုံးပါ
WhatsAppက နာမည်ကြီး Messaging Appတစ်ခုဖြစ်ပြီး မကြာမီက Voice Messageပါ ပို့လို့ရအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့မှာ Messageတွေကို ရှာနိုင်တဲ့ စွမ်းရည်ရှိပေမယ့် အရေးကြီး Messageတွေကို အမှတ်အသားလုပ်နိုင်ဖို့ နည်းလမ်းမရှိပါဘူး။ Hashtagကို သုံးခြင်းဖြင့် ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို အရေးကြီးတဲ့ Messageပို့တဲ့အခါမျိုး ဒါမှမဟုတ် ပို့မယ့် Messageဟာ နောင်တစ်ချိန်မှာ ပြန်ပြီးရှာဖတ်ရမယ့် Messageမျိုးကို ပို့တဲ့အခါမျိုးတွေမှာ #important ဆိုပြီး Hashtagနဲ့ အမှတ်အသားလုပ်ပြီး ပို့ပါ။ နောက်ပြန်ရှာတဲ့အခါကျရင် #importantလို့ရိုက်ပြီး ရှာလိုက်တာနဲ့ လွယ်လွယ်ကူကူ ရှာတွေ့နိုင်ပါပြီ။ Hashtagကို Shopping Listတွေ လုပ်တဲ့နေရာမှာလည်း သုံးနိုင်ပါတယ်။ သူငယ်ချင်းနှစ်ယောက် ဈေး၀ယ်ဖို့ Messageပို့ရင်းကနေ ၀ယ်မယ့် ပစ္စည်းတွေကို Hashtagခံပြီး အမှတ်အသား လုပ်ထားလို့ ရပါတယ်။ အဲဒီအတွက် တစ်ခြား ပြောတဲ့စကားတွေနဲ့ မရောနှောတော့ဘဲ လွယ်လွယ် ပြန်ရှာနိုင်ပါတယ်။
ဒီနည်းကို Search Functionပါရှိတဲ့ SMS Appတွေ, Messenger Appတွေ မှားသုံးနိုင်ပါတယ်။
Emailတွေကို အလွယ်တကူရှာဖို့ သုံးပါ
Gmailမှာ အစွမ်းထက်တဲ့ Search Boxကြီး ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ စကားလုံး အနည်းငယ်သာ ရိုက်ပြီးပို့ရတဲ့ အီးမေးတွေ ရှိသလို၊ ပုံတွေ၊ လင့်တွေကိုပဲ ပို့ရတဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ အဲဒီ အီးမေးတွေက အရေးကြီးအီးမေးတွေ ဖြစ်နေတဲ့ အခြေအနေမျိုးမှာဆိုရင် Search Boxကနေလည်း ရှာဖို့မလွယ်ကူတော့ပါဘူး။ ဒီလို နေရာမျိုးမှာ Hashtagက အသုံး၀င်ပါတယ်။ တစ်ခုပြောစရာရှိတာက အီးမေး Bodyမှာ Hashtagကို သုံးမယ်ဆိုရင် ကြောင်တောင်တောင် ရှိလှပါတယ်။ အဲဒီအတွက် ကိုယ့်ဘက်ကလည်း အမှတ်အသား ဖြစ်အောင်၊ အီးမေး လက်ခံရရှိတဲ့သူလည်း အမှတ်အသားကို မမြင်နိုင်အောင် နည်းတစ်နည်း ရှိပါတယ်။ Hashtag ကို မမြင်နိုင်အောင် Invinsible Hashtagပြောင်းသုံးပါ။ အီးမေးကို ရေးပြီးပြီဆိုရင် Enter ခေါက်ပြီး အောက်အနည်းငယ်မှာ Cursorချပါ။ Hashtagကိုရှေ့မှာ ခံပြီး သင် ထည့်ချင်တဲ့ အမှတ်အသား စကားစုကို ရိုက်ပါ။ Text Colorကို အဖြူရောင် ပြောင်းလိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ Hashtagကို တစ်ဖက်လူ မမြင်နိုင်တော့ဘူးပေါ့။
ဥပမာအားဖြင့် သင့် အလုပ်က Bossကို Systemရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ProjectXနဲ့ ပတ်သက်ပြီး အီးမေးပို့ရင် အောက်ကပုံမှာလို Hashtagခံ အမှတ်အသားလုပ်ပြီး ပို့နိုင်ပါတယ်။
အဲဒီ အီးမေးကို ပြန်ရှာချင်ရင် Search Boxကနေ #ProjectX, #SystemAလို့ရိုက်ပြီး အလွယ်တကူ ရှာနိုင်ပါတယ်။ ဒီနည်းကို Gmailအပြင် တစ်ခြား Search Engineပါရှိတဲ့ Email Service တွေမှာ သုံးနိုင်ပါတယ်။
သတင်း အချက်အလက်တွေနဲ့ အကြံပြုချက်တွေကို Chat Logsမှာ မှတ်သားပါ
ဘယ်ရုပ်ရှင်တွေ၊ သီချင်းတွေ ကောင်းလဲဆိုတာ ကျွန်တော်တို့တွေ သူငယ်ချင်းတွေဆီက အကြံရယူ တတ်ကြပါတယ်။ များသောအားဖြင့် သူငယ်ချင်းတွေနဲ့ Google Hangoutsမှာ စကားပြောကြတဲ့ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ Mobile Phoneတွေမှာ Multitask လုပ်ရတာ မလွယ်တဲ့အတွက် သူတို့ပြောတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေကို ရှာဖို့အဆင်မပြေပါဘူး။ အဲလိုနေရာမှာလည်း Hashtagက အသုံး၀င်ပါတယ်။ #Watchthis , #Readthis , #Hearthisစသဖြင့် အမှတ်အသား လုပ်ထားနိုင်ပါတယ်။
သင့်ကွန်ပြူတာကို အသုံးပြုလို့ရတဲ့ အချိန်ကျမှ Gmailကိုဖွင့်ပြီး Search Boxကနေ အမှတ်အသား လုပ်ထားတဲ့ Hashtagနဲ့ရှာလိုက်ရင် လွယ်လွယ်ကူကူ ရှာဖွေနိုင်ပြီပေါ့။
ဒီနည်းကို Hangoutsရဲ့Web Versionမှာလည်း သုံးနိုင်သလို Mobile Appမှာလည်း သုံးနိုင်ပါတယ်။ Desktop Clientဖြစ်တဲ့ GTalkမှာလည်း သုံးနိုင်ပါတယ်။ GTalk or Hangoutsမှာသာမကဘဲ Chat Logsတွေကို သိမ်းပေးနိုင်တဲ့ Chat Servicesတွေ အားလုံးမှာ သုံးနိုင်ပါတယ်။