News

ငွေဆောင်ကမ်းခြေတွင် ကျင်းပသော (၂၇) ကြိမ်မြောက် ဆီးဂိမ်းရွက်လှေ ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား

၂၀၁၃ခုနှစ်၊ဒီဇင်ဘာလ ၁၁ ရက် နံနက် တွင် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ဧည့်ခံ ကြီးမှူးသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ(ဆီးဂိမ်း)ရွက်လှေပြိုင်ပွဲ ဖွင့်ပွဲအား ငွေဆောင် ကမ်းခြေတွင် ကျင်းပခဲ့ပါသည်။ အစီအစဉ်အား ပြည်ထောင်စုမြန်မာနိုင်ငံ၊ နိုင်ငံတော်အလံအား လွှင့်တင်၍ အစပြုခဲ့ပါသည်။

အစီအစဉ်အရ ရွက်လှေပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဌ နှင့် ဧရာ၀တီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် မှနေ၍ အဖွင့် အမှာစကား ပြောကြားပေးခဲ့ပါသည်။ ထို့နောက် မြန်မာမြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အဖွဲ့၀င်နှင့် မြန်မာနိုင်ငံ ရွက်လှေ အသင်းများအား ကြိုဆို မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

၀န်ကြီးချုပ် ဦးသိန်းအောင်၊ဦးမိုးမြင့် နှင့်တကွ အားကစား ၀န်ကြီးဌာန၊ဒုတိယ ၀န်ကြီး ဦိးသောင်းထိုက် တို့မှနေ၍ ဆိီးဂိမ်းရွက်လှေ ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ မြန်မာ့တိုင်ရင်းသား အကပဒေသာ များနှင့် (၂၇)ကြိမ်မြောက် ဆီးဂိမ်း ရွက်လှေပြိုင်ပွဲ၏ ပြိုင်ပွဲသီချင်းဖြစ်သည့် “We Are The Champions “ သီချင်းဖြင့် ဖျော်ဖြေတင်ဆက် ၍ ဖွင့်ပွဲ အစီအစဉ် အား အောင်မြင်စွာ ရုတ်သိမ်း ခဲ့ပါသည်။

ယခုငွေဆောင် ကမ်းခြေတွင် ကျင်းပမည့် ရွက်လှေပြိုင်ပွဲများတွင် မြန်မာ၊ထိုင်း၊မလေးရှား၊စင်ကာပူ၊အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်တို့မှအားကစားသမားပေါင်း ၁၂၅ ဦးတို့သည် ရွက်လှေအားကစားနည်း ၁၃မျိုး တို့တွင် ဆုတံဆိပ် များရရှိရန်ယှဉ်ပြိုင် ကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ ကိုယ်စားပြု ရွက်လှေအသင်းတွင် လက်ရွေးစင် ရွက်လှေကစားသမား ၂၅ဦးနှင့် အတူ မြန်မာနိုင်ငံသား နည်းပြ (၂)ဦးနှင့် နိုင်ငံခြား နည်းပြ (၇)ဦး တို့ပါ၀င်ကြမည် ဖြစ်ပြီး ရွက်လှေအားကစား အမျိုးအစား အားလုံးတွင် ပါ၀င်ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။၂၀၁၃ ခုနှစ် SEA Games၊ ရွက်လှေ အားကစားပြိုင်ပွဲတါင် တာ၀န်ရှိသူ ၅၅ဦး၊လုပ်အားပေးနှင့် ထောက်ပံ့ ကူညီဆောင်ရွက်သူ (၃၅၀) ကျော် တို့ပါ၀င်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

ယခင်ဘားမား ရွက်လှေ အဖွဲ့ချုပ် (BYF) ယခု မြန်မာ နိုင်ငံ ရွက်လှေအဖွဲ့ချုပ် (MYF) သည် ဒုတိယအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်( SEAP Games Region)၊ ယခု အရှေတောင်အာရှဒေသ (Southeast Asia Region) ရွက်လှေအားကစားအား ပထမဦးဆုံး အားကစားအသွင် စတင်လှုပ်ရှားခဲ့သည့် နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံရသည့် သမိုင်းကြောင်းရှိခဲ့ပါသည်။(၅)ကြိမ် မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် (SEAP) အားကစားပြိုင်ပွဲအား မြန်မာနိုင်ငံတွင် ၁၉၆၉ ခုနှစ်တွင် လက်ခံကျင်းပ ခဲ့စဉ်ကလည်း ရွက်လှေအားကစားအား ထပ်မံထည့်သွင်း ၍ ငပလီ တွင် ကျင်းပခဲ့ပါသည်။

(၂၇)ကြိမ်မြောက် SEA Games ရွက်လှေပြိုင်ပွဲများအကြောင်း ပိုမို သိရှိလိုပါက http://www.myanmarsailing.com နှင့် https://www.facebook.com/YangonSallingClub တို့တွင် လေ့လာနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *