Business, Review

၂၀၁၅ မှာ အလုပ်လုပ်ဖို့ အကောင်းဆုံး နည်းပညာ ကုမ္ပဏီ ဆယ်ခု

၂၀၁၅ မှာ အလုပ်လုပ်ဖို့ အကောင်းဆုံး နည်းပညာ ကုမ္ပဏီ ဆယ်ခု

Googleက သူ့၀န်ထမ်းတွေကို အကောင်းဆုံး ပံ့ပိုးပေးနေပါတယ်။Glassdoorရဲ့ စစ်တမ်းအသစ်အရ ၂၀၁၅မှာ အလုပ်လုပ်ဖို့ အကောင်းဆုံး နည်းပညာကုမ္ပဏီတွေကို ဖော်ပြလိုက်ပါတယ်။ ၀န်ထမ်းတွေရဲ့ တုန့်ပြန်မှုတွေအပေါ်မှာ အခြေခံပြီး ၂၀၁၅မှာအလုပ်လုပ်ဖို့ အကောင်းဆုံးနည်းပညာ ကုမ္ပဏီငါးဆယ်ကို ရွေးချယ်လိုက်တာပါ။ကုမ္ပဏီငါး ဆယ်ထဲကမှ ထိပ်ဆုံးကုမ္ပဏီ ဆယ်ခုကတော့ ရေပန်းအစားဆုံး ဖြစ်ပါတယ်။ အဲဒီထဲမှာ ဒစ်ဂျစ်တယ် စီမံခန့်ခွဲမှု ကုမ္ပဏီကြီး ဖြစ်တဲ့ Adobeကနေ နာမည်ကျော် iPhoneတွေကို ထုတ်လုပ်တဲ့ Appleအထိ ပါရှိပါတယ်။

1.Google

Googleကတော့ နည်းပညာ ကုမ္ပဏီတွေထဲမှာ လူကြိုက်များပြီး ဒီနှစ်ရဲ့ စာရင်းထဲမှာလည်း အားလုံးကို ခြုံကြည့်ရင် ထိပ်ဆုံးက နေရာယူထားပါတယ်။“ ၀န်ထမ်းတွေရဲ့ အကျိုးကျေးဇူးနဲ့ ဂရုစိုက်ခံရမှုကတော့ သိသာစွာ ကမ္ဘာ့အဆင့် ဖြစ်ပြီး နစ်နာမှု တွေအတွက် ပေးတဲ့ လျော်ကြေးကလည်း ဘယ်ကုမ္ပဏီနဲ့မှ ယှဉ်လို့ မရပါဘူး။ Googleဟာ ကမ္ဘာမှာ အတော်ဆုံးလူတွေကို သူနဲ့ အလုပ်လုပ်ဖို့ စွဲဆောင်လေ့ရှိပါတယ်။ ဒါဟာ အရေးအကြီးဆုံး ပါပဲ။ “ လို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမှ အမည်ဖော်ပြခြင်းမရှိတဲ့ Googleရဲ့ စီမံကိန်း မန်နေဂျာတစ်ယောက်က ပြောပါတယ်။

1
2.F5 Networks

သူ့ရဲ့ Appပေးပို့မှု ကွန်ရက်ဟာ အားလုံးခြုံကြည့်ရင်တော့ နံပါတ်လေးနေရာမှာဖြစ်ပေမယ့် နည်းပညာကုမ္ပဏီ စာရင်းထဲမှာတော့ နံပါတ်နှစ်နေရာကို ရယူနိုင်ပါတယ်။

“ အခြား ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အလွန်မြင့်မားတဲ့ လစာနဲ့ အကျိုးကျေးဇူးတွေကို ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် ရုံးခန်းထဲမှာ တစ်နေ့လုံး အလုပ်လုပ်ချင်အောင် စွဲဆောင်ထားနိုင်ပါတယ်။ ၀န်ထမ်းတွေကိုလည်း တစ်လှေထဲစီး တစ်ခရီးထဲသွား ပုံစံမျိုးဖြစ်အောင် အလုပ်ခွင်ကို ဖန်တီးပေးထားပါတယ်။ “ လို့ ဝါရှင်တန် ပြည်နယ် ဆီရေတယ်ရှိ F5 Networksမှ Software Engineerက ရေးသားထားပါတယ်။
2
3.Facebook

Mark Zuckerbergက ၀န်ထမ်းတွေကို ဘယ်လို ပျော်အောင် ထားရမလဲဆိုတာ သိပါတယ်။ ရုံးမှာ Video Game ကစားတဲ့ အခန်းများ ပြုလုပ်ပေးထားသလို အမျိုးသမီး၀န်ထမ်းတွေ အလုပ်မှာ ပိုအာရုံစိုက်ပြီး ကလေးမယူအောင် မျိုးဥကို အေးခဲအောင် လုပ်ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း အခမဲ့ လုပ်ပေးထားပါတယ်။

“ ၀န်ထမ်းတွေ အလုပ်မှာ စိတ်၀င်စားမှုရှိအောင် ပေးရတဲ့ တွန်းအားက ကြီးမားပါတယ်။ လေ့လာဖို့ ၊ ဒေတာတွေ ရှာဖွေဖို့ ၊ အရာ၀တ္ထုတွေ တီထွင်ဖို့နဲ့ အကောင်းဆုံး အကျိုးကျေးဇူး ရရှိဖို့ အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်တတ်ဖို့တွေကို သင့်ကို လွှဲအပ်ထားပါတယ်။” လို့ Facebookမှ ဖောက်သည် ၀န်ဆောင်မှု ဌာမှ ၀န်ထမ်းတစ်ဦးက ရေးသားထားပါတယ်။
3
4.Qualcomm

ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ Qualcommကတော့ သူ့ရဲ့ နည်းဗျူဟာတွေအတွက် အမြဲတမ်း ချီးမြှောက်ခံနေရပါတယ်။ ဒီနှစ်ထဲမှာပဲ အလုပ်သင်တွေအတွက် အကောင်းဆုံး နည်းပညာကုမ္ပဏီတွေထဲက တစ်ခု အဖြစ် သတ်မှတ်ခံရပါတယ်။ သူ့ရဲ့ မှန်ကန်တဲ့ နည်းဗျူဟာတွေကြောင့်ပါပဲ။

“ မိုဘိုင်းနယ်ပယ်မှာ နည်းပညာ၊ အရည်အချင်းနဲ့ ထုတ်ကုန်အသစ်တွေကို အမြဲ တီထွင်ကြံဆနေရပါတယ်။ အလုပ်ခွင်မှာ သင်ကြားပေးမှုကလည်း အလွန်ကောင်းမွန်ပြီး သင်ကြားရေးဆိုင်ရာ အရင်းအမြစ်တွေနဲ့ အလွန်ကြီးမားတဲ့ စာကြည့်တိုက်ရှိပါတယ်။ “ လို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရေဂိုမှ Qualcommရဲ့ အင်ဂျင်နီယာနဲ့ မန်နေဂျာဖြစ်သူ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
4
5.Adobe

Photoshopနဲ့ InDesignတို့လို Editing Toolsတွေကို တီထွင်ပေးနေတဲ့ Software Companyကတော့ နံပါတ်ငါးပါ။

“ Adobeက သူ့၀န်ထမ်းတွေကို အလွန် ဂရုစိုက်ပါတယ်။ လေ့ကျင့်ရေးကနေ အခွင့်အရေးတွေအထိ ၀န်ထမ်းတွေ လိုချင်တာကို ဖြည့်ဆည်းပေးပါတယ်။ အလုပ်သွားရတာ နှစ်သက်မိပါတယ်။ ကူညီဖို့ အသင့်ဖြစ်နေတဲ့ ဂုရုကြီးတွေနဲ့ ကျွန်တော့်ရဲ့ အတွေးအခေါ်တွေကို မျှဝေရတာ အလွန် ပျော်ရွှင်မိပါတယ်။ “ လို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဂျို့မှ Adobe Software Engineerတစ်ယောက်က ရေးသားထားပါတယ်။
5
6.MathWorks

သင်္ချာဆော့ဝဲ ကုမ္ပဏီ MathWorksကတော့ ၀န်ထမ်းတွေ ပျော်ရွှင်ဖို့အတွက် မှန်ကန်ပြည့်စုံတဲ့ ဖော်မြူလာကို တွေ့ရှိထားပုံပါပဲ။

“ အလွန် ဖော်ရွေပြီး ကူညီတဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိပါတယ်။ အပို အခွင့်အရေးတွေကလည်း အလွန်ကောင်းမွန်ပါတယ်။ ၀န်ထမ်းတွေကို တကယ့်ကို ဂရုစိုက်ပါတယ်။ ခေါင်းဆောင်ပိုင်းအတွက်လည်း အခွင့်အရေးတွေ အများကြီးပါပဲ။ ဌာနတွေကိုလည်း လွယ်ကူစွာ ပြောင်းနိုင်ပါတယ်။ “ လို့ မက်ဆာချူးဆက်ပြည်နယ် နတစ်မှ MathWorksအင်ဂျင်နီယာတစ်ယောက်က ရေးသားထားပါတယ်။
6
7.Apple

ဒီနှစ်ကတော့ Appleအတွက် ကောင်းမွန်တဲ့ နှစ်တစ်နှစ်ပါ။ iPhone အသစ်တွေ၊ အလွန်ပါးလွှာတဲ့ iPad Airsနဲ့ စမတ်နာရီများကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။

“ Appleဟာ အခြားကုမ္ပဏီများနဲ့ ယှဉ်ပြိုင်နိုင်တဲ့ လစာနဲ့ အကျိုးကျေးဇူးတွေကို ပေးထားပါတယ်။ ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ နေရာမှာ တစ်နှစ်တည်းမှာ ဒေါ်လာထောင်ဂဏန်း လစာတိုးတာ မဟုတ်ပါဘူး။ လစာရဲ့ ၂ ဆကနေ ၂ဆခွဲအထိ တိုးပေးတာပါ။ ဒီနေရာဟာ ဗဟုသုတ ဟင်းလင်းအိုးကြီးပါ။ ဒီအဖွဲ့ထက်ကောင်းတဲ့ အဖွဲအစည်း မတွေ့မိသေးပါဘူး။ “ လို့ ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမှ Appleရဲ့ ထုတ်ကုန် ဒီဇိုင်း အင်ဂျင်နီယာ တစ်ယောက်က ရေးသားထားပါတယ်။
7
8.LinkedIn

လူမှုကွန်ရက် ဖြစ်တဲ့ LinkedInက အသက်မွေးမှုလုပ်ငန်းကို နောကျေနေသူဖြစ်လို့ စာရင်းထဲမှာ ပါ၀င်နေတာ အံ့ဩစရာ မရှိပါဘူး။

“ အစာတွေ အခမဲ့ကျွေးတဲ့ အပြင် ကုမ္ပဏီက အခမဲ့ပေးတဲ့ ပွဲတွေကလည်း အများကြီးပါ။ ပရောဖက်ရှင်နယ်အဆင့် လေ့ကျင့်မှုတွေကို လွယ်ကူစွာ ရနိုင်ပါတယ်။ သင့်ရဲ့ အလုပ်ချိန်ကိုလည်း လိုသလို ပြောင်းနိုင်ပါတယ်။ “ လို့ ကယ်လီဖိုးနီးယားပြည်နယ် မောင်တိန်မှ LinkedIn အင်ဂျင်နီယာ တစ်ယောက်က ရေးသားထားပါတယ်။
8
9.Zillow

အိမ်ခြံမြေ ဒေတာဘေ့စ် ကုမ္ပဏီ Zillowဟာ ၂၀၁၅ ခုနှစ်အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ Truliaကို ၀ယ်ယူရင်း ဒီနှစ်ရဲ့ အွန်လိုင်း ဈေးကွက်ကို လွှမ်းမိုးလိုက်ပါတယ်။

“ ၀န်ထမ်းတွေကို တကယ် ဂရုစိုက်ပြီး ပျော်အောင်ထားတဲ့ ကုမ္ပဏီကို ရှာနေရင်တော့ Zillowကို ရွေးပါ။ သူတို့အလုပ်ကို တကယ် မြတ်နိုးတဲ့ လူတော်တွေနဲ့ သင်အလုပ်လုပ်ရမှာပါ။ ဒီလူတွေဟာ Zillowကို အောင်မြင်အောင် ပြုလုပ်ရာမှာ အထင်ကရနေရာတွေက ပါ၀င်နေပါတယ်။ “ လို့ ဝါရှင်တန်ပြည်နယ် ဆီရေတယ်မှ Zillow Software Engineerဖြစ်သူက ပြောပါတယ်။
9
10.MINDBODY

MINDBODYက စီးပွားရေးလုပ်ငန်းငယ်လေးများကို အင်အားကြီးမားအောင် ကူညီပေးနေပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေး နယ်ပယ်မှာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ကို အခွင့်အရေးများစွာပေးပြီး ကောင်းမွန်စွာ ဆက်ဆံပါတယ်။ လစဉ်ဘောက်ချာများ ပေးခြင်း၊ အနှိပ်ခန်းများ ထားရှိပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း ၊ အာမခံပေးခြင်းတို့ကို ပံ့ပိုးပေးထားပါတယ်။ မန်နေဂျာတွေကလည်း တကယ်ကောင်းပါတယ်။ CEOကတော့ လေးစားအတုယူစရာကောင်းပြီး အမြင်ကျယ်ပါတယ်။ “ လို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်လူး၀စ်စ် အော်ဘစ်ပိုမှ MINDBODYရဲ့ ဖောက်သည် ၀န်ဆောင်မှုနဲ့ နည်းပညာ အကူအညီပေးရေး ဌာနမှ ၀န်ထမ်းက ရေးသားထားပါတယ်။
10

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *