မြန်မာနှင့် တောင်ကိုရီယား နှစ်နိုင်ငံ အကြား ချစ်ကြည်ရေးအဖြစ် ရန်ကုန်မြို့၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းသို့ တောင်ကို ရီးယားနိုင်ငံက တံတားတစ်စင်း တည် ဆောက် ပေးမည်ဟု အရှေ့အာရှ ကမ္ဘာ့စီး ပွားရေး ဖိုရမ် အခမ်းအနားသို့ တက်ရောက် ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီဥက္ကဌ ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့ကြောင်း သိရပါ သည်။ ယင်းသို့ တောင်ကိုရီယားနိုင်ငံမှ နှစ် နိုင်ငံ ချစ်ကြည်ရေးအတွက် တံတား တည် ဆောက်ပေးမှုကို ဆောက်လုပ်ရေး ဝန်ကြီး ဌာနနှင့် သဘောတူညီချက် ရရှိသွားပြီ ဖြစ် သော်လည်း တံတား စတင် တည်ဆောက် မည့် အချိန်ကာလကိုမူ ဆွေးနွေးဆဲ ဖြစ် ကြောင်း၊ အဆိုပါ တံတား တည်ဆောက် ပြီးစီးပါက ရန်ကုန်မြို့ ဧရိယာ ချဲ့ထွင်မှု အနေနှင့် ကြည့်မြင်တိုင် တစ်ဖက် ကမ်းရှိ မြို့နယ်များကို ချဲ့ထွင်ရန် စီစဉ်ထား ကြောင်း၊ ရန်ကုန်မြို့အနောက်ပို်င်းတွင် လှိုင် သာယာ၊ ရွေှပြည်သာမြို့နယ်များ အထိ ချဲ့ထားပြီး အရှေ့ပိုင်းတွင် ဒဂုံမြို့နယ်များ အထိ ချဲ့ထားကြောင်း ရန်ကုန်မြို့၏ မြေပုံ နှင့် မြို့အနေအထားကို ကြည့်ပြီးလျှင် ထပ်မံ တိုးချဲ့သွားမည်ဆိုပါက ကြည့်မြင်တိုင် တစ် ဖက်ကမ်းနှင့် ဒလမြို့နယ်ပဲ ကျန်တော့ ကြောင်း၊ ထို့အပြင် လှည်းကူးနှင့် တိုက်ကြီး မြို့နယ်တို့ကိုလည်း တိုးချဲ့ သွားရန် ဆောင် ရွက်ထားကြောင်း ရန်ကုန် မြို့တော်ဝန်က ပြောကြားခဲ့သည်ဟု သိရပါသည်။
နှစ်နိုင်ငံ ချစ်ကြည်ရေး တောင်ကိုရီးယား မှ တံတားတစ်စင်း ဆောက်ပေးမည်

15
Jun