Cameras, Review

ရေထဲမှာရော လေထဲမှာပါ အသုံးပြုနိုင်တဲ့ Sony Action Camera

Sony ရဲ့ ပထမဆုံး Action Camera ကို ထုတ်ဖော်လိုက်ပါတယ်။ Action Cameraကို ရေအောက်မှာရော၊ မြေပေါ်မှာပါ စွန့်စွန့်စားစား သွားလာရိုက်ကူးတွင် အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ Action Cameraကို Sonyမှ ထုတ်ဖော်ပြသချိန်က ဓာတ်ပုံကင်မရာ လောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ အဲဒီကိစ္စဟာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Sony အနေနဲ့ ကင်မရာပိုင်းမှာဆိုရင် ဒီဂျစ်တယ်၊ ပရော်ဖက်ရှင်နယ်နဲ့ Camcorder များကို နည်းပညာ သစ်တွေ တစ်ခုပြီး တစ်ခု အသုံးပြုပြီး အသစ် အသစ်တွေကို ထုတ်လုပ်ခဲ့တာပါ။ အခုလို မြေပေါ် ရေအောက် အသုံးပြုနိုင်မယ့် Action Camera အသေးစားကို တမူထူးခြားစွာ ထုတ်လုပ်ခဲ့တာဟာ ဓာတ်ပုံကင်မရာ လောက လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်ဆိုတာ မဆန်းပါဘူး။

Design
အရွယ်အစားကတော့ သေးငယ် ပေါ့ပါးတဲ့ အတွက် ကိုယ်ပေါ်မှာ တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းပုံစံကတော့ Shotgun သေနတ် ဒီဇိုင်းပုံစံ ရှိပါတယ်။ Action Camera ကို Wi-Fi ချိတ်ဆက်နိုင်တဲ့ ကင်မရာနဲ့ မချိတ်ဆက်နိုင်တဲ့ ကင်မရာဆိုပြီး နှစ်မျိုး ထုတ်လုပ်ခဲ့တာပါ။ Wi-Fi ပါ၀င်တဲ့ Sony HDR-AS1 ကင်မရာကိုတော့ သြစတြေးလျမှာသာလျှင် ရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

Buttonတွေ ထည့်သွင်းပေးထား
170-Degree Lens ကို တပ်ဆင်ပေးထားပြီး အရှေ့ပိုင်းမှာ Stereo Microphone ပါ၀င်ပါတယ်။ Small LED Screenကို အသုံးပြုနိုင်မည် ဖြစ်ပြီး မြန်မြန်ဆန်ဆန် ခိုင်းစေ အသုံးပြုနိုင်ဖို့အတွက် Previous/Next Buttons တွေကို ထည့်သွင်း ပေးထားပါတယ်။ ထို့ပြင် Settingထဲ သွားရောက် ချိန်ယူနေစရာ မလိုဘဲ Recording အလွယ်တကူ ပြုလုပ်နိုင်ဖို့အတွက် Recording Button ကိုလည်း ထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။

Memory
အခြား Connectivity ပိုင်းအတွက် Micro USB နဲ့ HDMI Outputတို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Dual-slot ဖြစ်တဲ့အတွက် Memory ကဒ် နှစ်ကဒ်ကို တစ်ပြိုင်နက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Memory ထည့်သွင်းနိုင်ဖို့အတွက် Slotကိုတော့ ကင်မရာရဲ့ အနောက်ပိုင်းမှာ ထည့်သွင်းပေးထားပါတယ်။

Full HD Video ရိုက်ကူးနိုင်
1080p (30 frames per second), 720p (30, 60 or 120fps) နဲ့ 480p (30fps) အရည်အသွေးနဲ့ Full HD Video တွေကို မှတ်တမ်းတင် ရိုက်ကူးနိုင်ပါလိမ့်မယ်။ ဒီ Action Cameraကို ကောင်းကင်ထက် လေယာဉ်ပေါ်ကနေ စွန့်စွန့်စားစား ခုန်ချတာကို မှတ်တမ်းတင်နိုင်ဖို့၊ ရေအောက်မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေကို အမိအရ ရိုက်ကူးနိုင်ဖို့အတွက် ပုံရိပ်ဝါးခြင်းတွေကို အကောင်းဆုံး ကာကွယ် တားဆီးပေမယ့် Image Stabilization Function ကို စံအဖြစ် ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဒါကြောင့် Stabilization အစွမ်းကြောင့် ဘယ်လိုနေရာ၊ ဘယ်လို အခြေအနေတွေမှာပဲဖြစ်ဖြစ် ကြည်လင် ပြတ်သားတဲ့ အကောင်းဆုံး Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။

ရေထဲမှာလည်း အသုံးပြုနိုင်
ရေထဲမှာ အသုံးပြုနိုင်ဖို့အတွက် ရေစိုခံ Waterproof Casing ကို ထည့်သွင်း ပေးထားပါတယ်။ ကင်မရာကို ပင်လယ်ရေအောက် မီတာ ၆၀ အထိ သယ်ဆောင် အသုံးပြုနိုင်ပါတယ်။ Casingကို အသုံးပြုနေစဉ်မှာတော့ အပေါ်ယံက Cover ဖုံးအုပ်ထားတဲ့ အတွက် Function တော်တော်များများကို Access လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကင်မရာပေါ်မှာ အလွယ်တကူ ထိတွေ့နိုင်တဲ့ Record Button ကိုသာ အသုံးပြုနိုင်မှာပါ။ ဒါကြောင့် ရေအောက်ကို မယူသွားခင် ကတည်းက ကိုယ်လိုချင်တဲ့ Setting တွေကို ချိန်ညှိထားဖို့ လိုပါတယ်။ External Microphone Jack ပေါက်က ကင်မရာရဲ့အောက်ဘက်ပိုင်းမှာ ပါ၀င်တဲ့အတွက် Waterproof Casingကို အသုံးပြုထားတဲ့ အချိန်မှာတော့ Microphone ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

Wi-Fi နဲ့ Application သုံးစွဲမှု
Sony HDR-AS15 Action Camera မှာတော့ Wi-Fi Connectivity ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုက်ကူးထားတဲ့ Video တွေကို Wi-Fi ကနေတစ်ဆင့် မိုဘိုင်းဖုန်းတွေနဲ့ Wi-Fi ရတဲ့ ကင်မရာများသို့ Share လုပ်နိုင်ပါတယ်။ Action Camera ရဲ့ အများဆုံး Record လုပ်နိုင်တဲ့ ပမာဏကတော့ ၁ နာရီ ဖြစ်ပါတယ်။

Image Quality
ပုံထွက် အရည်အသွေးကတော့ ကောင်းမွန်တာကို တွေ့ရပါတယ်။ Auto ချိန်ပြီး ရိုက်ကူးရမှာ ဖြစ်ပြီး Manual ချိန်ပြီး ရိုက်ကူးနိုင်မှာ မဟုတ်ပါဘူး။ ဗွီဒီယို ပုံရိပ်တွေက ကြည်လင်ပြတ်သားပြီး ကာလာ တိကျတဲ့အပြင် လှုပ်ရှားမှုတွေကိုလည်း အတိကျဆုံး ဖမ်းယူပေးနိုင်တယ်လို့ ဆိုပါတယ်။ Resolution က 2-megapixel ရှိပြီး Website ပေါ်တင်ဖို့နဲ့ Print ထုတ်ဖို့အတွက် အကူအညီ ပေးနိုင်ပါသေးတယ်။ Photo Recording တွေလည်း ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။

သုံးသပ်ချက်
Sony ကင်မရာ အရည်အသွေးက Quality မြင့်တယ်ဆိုတာ ပရိတ်သတ်ကြီး သိကြမှာပါ။ Action Camera ကို အသုံးပြုပြီးတော့ မိမိရဲ့ စွန့်စားမှု ပုံရိပ်တွေကို အကောင်းဆုံး မှတ်တမ်းတင်နိုင်မယ်လို့ ထင်ပါတယ်။ ရေထဲမှာရော၊ လေထဲမှာမှာပါ အသုံးပြုနိုင်တဲ့အတွက် ကြိုက်နှစ်သက်မယ်လို့ ထင်မြင်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *