Apps

ဟာ့ဒ်ဒစ်ကို ပြန်စီမယ်

ဟာ့ဒ်ဒစ်မှာ နေရာပြန့်ကျဲနေတဲ့ ဖိုင်၊ အချက်အလက်တွေကို ပြန်စီတဲ့ defragment လုပ်ငန်းစဉ်က ထူးခြားလှတယ် မဟုတ်ပါဘူး။ ဝင်းဒိုးစ်စနစ်မှာလည်း ပါရှိလို့ သီးခြား disk defragmenter ဆော့ဖ်ဝဲတွေကို သိပ်မသုံးကြတာပါ။ ဒါပေမယ့် Piriform က ထုတ်လုပ်တဲ့ Defraggler v2.00.230 ကို အခမဲ့ ရယူသုံးနိုင်လို့ ညွှန်းပေးလိုက်ပါတယ်။ ဖိုင်အရွယ်အစား 2.88MB နဲ့ freeware ဖြစ်တဲ့ Defraggler tool မှာ ဟာ့ဒ်ဒစ် partition တစ်ခုလုံးကို defrag မလုပ်ချင်ရင် ဖိုင်တစ်ဖိုင် ဒါမှမဟုတ် ဖိုင်များကို သီးခြားရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ ဟာ့ဒ်ဒစ် partition ကို defrag လုပ်နေချိန်မှာလည်း ဘယ်ဖိုလ်ဒါ၊ ဘယ်ဖိုင်ကို defrag လုပ်နေတယ်ဆိုတာ ပြပေးပါတယ်။ ဒါ့အပြင် defragmenter လုပ်ငန်းစဉ်ကို မြင်ကွင်းမှာ အရောင်စုံတုံးကလေးတွေ လှုပ်ရှားနေတာမျိုး (drive map) ပြပေးပါတယ်။ အဲဒီအတွက် သင့်ဟာ့ဒ်ဒစ်မှာ defragment အလုပ်တွေ ဘယ်လောက်လုပ်နေရတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

သင့် ကွန်ပျူတာက ဟာ့ဒ်ဒစ်အရွယ်အစားက ကြီးတယ်။ defrag မလုပ်တာလည်း ကြာပြီဆိုရင်တော့ Defraggler က အချိန်အတော်ယူပါလိမ့်မယ်။ ကောင်းတာက သင်ကွန်ပျူတာကနေ ခဏအနားယူတဲ့အချိန်မျိုး၊ ရေချိုးခန်းဝင်နေတဲ့ အချိန်မျိုးမှာ defragment လုပ်ငန်းစဉ်ကို လုပ်ဖို့ အကြံပေးလိုပါတယ်။ Piriform (https://www.piriform.com) ဆိုတာက CCleaner, Recuva စသဖြင့် ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်လို့ အဲဒီဆော့ဖ်ဝဲတွေအတွက် အသုံးပြုလို့ အဆင်ပြေမယ်လို့ ကျွန်မ မြင်မိပါတယ်။ တကယ်လည်း အခမဲ့သုံးနိုင်တာကြောင့် လမ်းညွှန်ပေးရခြင်း ဖြစ်ပါတော့တယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *