အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည် ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ကမ်းနားလမ်းရှိ ကြက်ခြေနီအသင်းဌာနချုပ်ရုံး အဆောက်အဦ၌ ဖွင့်လှစ်ထားသော Center of Vocational Training/CVT Myanmar အသက်မွေးမှုအတတ်ပညာ သင်တန်းကျောင်း သို့ ၂၂ ရက် ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ် နေ့လည် (၁၂) နာရီတွင် ရောက်ရှိခဲ့ပါသည်။ ပြည်ထောင်စု ဝန်ကြီးအား CVT သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး Director ဒေါ်ယဉ်ယဉ်အေးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး သင်တန်းကျောင်း၏ ဖွဲ့စည်းပုံ သင်တန်း အမျိုးအစားများ သင်ကြားပို့ချမှု အခြေအနေများနှင့် လက်တွေ့ သရုပ်ပြမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် ဝန်ကြီးမှ သင်တန်းခန်းမ များအတွင်းရှိ စာတွေ့ လက်တွေ့ သင်ကြားမှုများကို တစ်ခန်းချင်း လှည့်လည်ကြည့်ရှု၍ မြန်မာနိုင်ငံတွင် လိုအပ်နေသော ကျွမ်းကျင်လုပ်သားများ ရရှိရေးအတွက် ယခုကဲ့သို့ သင်တန်းကျောင်းများစွာ ရှိသင့်ကြောင်း ချီးကျူးသြဝါဒ စကားပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ CVT သင်တန်းကျောင်းသို့ ကြည့်ရှုလေ့လာခြင်း

24
Feb